စစ်ကိုင်းတိုင်း ကန့် ဘလူ မြို့  နယ် ထန်း ကုန်း ရွာ မှာ ဘာသာရေး အမည်ခံ ထား တဲ့ အဖွဲ့ 
အစည်း တစ်ခု က ဆူပူ လှုံ ဆော်မှု အကြမ်းဖက် မှု တွေ ဟာ အိမ်တွေ ၊ ဆိုင် တွေ ၊ မွေးမြူ
ရေး ခြံတွေ မီးလောင် ပြီး နောက် မှာ ဒီနေ့  အခြေအနေ အနည်း ငယ် တည် ငြိမ် လာ ပြီ လို့ 
ကန့် ဘလူ မြို့  နယ် မီးသတ် ဌာန က တာဝန်ရှိ သူ တစ်ဦး က FNG ကို ပြောပါတယ်။
အမျိုးသမီး တစ်ဦး ကို နှောင့် ယှက် မှု ပြု တယ် ဆို တဲ့ အကြောင်း က နေ စလိုက် တာ အိမ်
အလုံး ၅၀ လောက် နဲ့  ဆိုင်ပေါင်း ၁၁ ဆိုင် လဲ မီး လောင် ပြာကျ ခဲ့ ပါတယ်။
မီးလောင်မှု ကြောင့် နေ အိမ် ဆုံး ရှုံး ခဲ့ တဲ့ အသက် ၇၀ အရွယ် အဘွား အို တစ်ဦးက “အမေ
ဒီရွာ မှာ ပဲ မွေးတာ ပါ ၊ ဒီရွာ မှာ ပဲ တစ်သက် လုံး နေခဲ့ တာ ဒီလို တစ်ခါ မှ မကြုံ ဖူး ဘူး ၊ မီး
ရှို့ မယ့် လူ တွေ ၊ မီးတုတ်တွေ နဲ့  လာ တော့ ရဲတွေ ကို တား ပေး ဖို့  အကူအညီ တောင်း ပါတယ်”
သူတို့  ဒီတိုင်း ပဲ ရပ် ကြည့် နေ တယ် ” လို့  FNG ကို ပြောပါတယ်။
လွန် ခဲ့ တဲ့ တစ်နှစ် ကျော် က ရခိုင်ပြည်နယ်မှာ စတင်ခဲ့ တဲ့ လူမျိုးရေး ၊ ဘာသာရေး ပဋိပက္ခ
က မြန်မာ နိုင်ငံ တွင်း က မြို့  တွေ ကို ပါ ကူးစက် ပြီး လူ ၅၀ နီးပါး ခန့်  သေဆုံး ကာ နေအိမ်
၆၀၀ ကျော် နဲ့  စာသင်ကျောင်း တွေ ၊ ဈေးဆိုင် တွေ လဲ ပျက် စီးခဲ့ ပါတယ်။
ကန့် ဘ လူ မှာ ဆူပူ အကြမ်းဖက် မှု ဖြစ် ပွား တာ ဟာ အစိုးရ က ဦးဆောင် ပြီး ၁၉၆၁ ခုနှစ်
က ၀န်ကြီး ချုပ် ဦးနု က ဗုဒ္ဓဘာသာ ကို နိုင်ငံ တော် ဘာသာ အဖြစ် သတ် မှတ် တာ ၅၂ နှစ်
ပြည့် အထိမ်း အမှတ် အတွက် နေ ရာ အချို့  မှာ ကျင်းပ နေတဲ့ အချိန် နဲ့  လည်း တိုက် ဆိုင်
နေ ပါတယ်။
Photo Credit : AP,AFP,Reuters, Khing Mg Win, Soe ZeYa Htun and FNG



















Thank a lot