အိုဟိုင်းယိုး ပြည် နယ် လွှတ်တော်အမတ် နဲ့  အမေရိကန် အထက်လွှတ်တော် ဥက္ကဌ ဂျွန်ဘေးနား
က သမ္မတ အိုဘား က နေ အဆိုပြု ထား တဲ့ ဆီးရီးယား ကို တိုက် ဖို့  အတည် ပြု ချက် ကို
စက်တင်ဘာလ ၉ ရက် နေ့  ကျ ရင် လွှတ်တော် မှာ အခြေ အနေ ဆွေးနွေး ပြီး မဲ ခွဲ မှာ ဖြစ် တယ်
လို့  ပြောပါတယ်။
တိုင်း ပြည် မှာ အရေး ကြုံ တဲ့ အခါ ကျ ရင် စစ်သေနာ ပတိ တာဝန် ယူ ခွင့် ရှိ သူ ဖြစ်တာ မို့  လွှတ်တော်
ရဲ့  ခွင့် ပြု ချက် မရ လည်း စစ်ခင်း နိုင်တာ တွေ ၊ စစ် မက် ဖက် ပြိုင် တာ တွေ လုပ် နိုင် ပေမယ့် ပြည်သူ
လူ ထု တစ်ရပ် လုံး က နေ သဘောတူညီမှု နဲ့  တိုက် တဲ့ စစ် ပွဲ ဖြစ် ချင် တာ မို့  သူ ဟာ လွှတ် တော်
ရဲ့ ခွင့် ပြု ချက် ယူတာ ဖြစ် ကြောင်း အိမ်ဖြူ တော် နှင်းဆီ ဥယာဉ် မှာ ပြု လုပ် တဲ့ မိန့် ခွန်း မှာ အိုဘား
မား က ပြော ကြား ခဲ့ တာ ဖြစ် ပါတယ်။
အစပိုင်း မှာ တော့ မြေထဲ ပင် လယ် အရှေ့  ဘက် ခြမ်း ကို စစ်သင်္ဘော တွေ လွှတ် ပြီး စစ်ပြင် တာ
လောက် ပဲ ရှိ ခဲ့ ပေမယ့် သောကြာ နေ့  ညမှာ တော့ ဆီးရီးယား ကို တိုက် ဖို့  သူ ဆုံးဖြတ် ပြီး သွား ပြီ လို့ 
Wall Street Journal သတင်း က ဆို ပါတယ်။
အမေရိကန် အစိုးရ အဖွဲ့  ထဲ က ထိပ်တန်း အရာ ရှိ တစ်ဦး က တော့ လွှတ်တော် က ခွင့် မပြု ရင်
လည်း အိုဘားမား အစိုးရ အနေ နဲ့  ဆီးရီးယား ကို ဒဏ် ခတ် ဖို့  လုပ် မယ် လို့  ပြောပါ
တယ်။
ကုလ လက်နက် စုံစမ်းစစ်ဆေး သူ တွေ ဆီးရီးယား က ထွက် ခွာ လာ ပြီး နောက် ဆီးရီးယား မှာ တိုက်
ပွဲ တွေ ဆက် ဖြစ် နေ ပြီး အချို့  နေရာ တွေ မှာ အစိုးရ လေတပ် က ဗုံး ကြဲ တိုက် ခိုက် မှု တွေ ရှိတယ်
လို့  သတင်း တွေ မှာ ဖော် ပြ ထား ပါတယ်။
ဆီးရီးယား က သူ ပုန် တွေ က တော့ အမေရိကန် ရဲ့  အရေး ယူ မှု နှေးကွေး တာ ကြောင့် အာဆဒ်
ကို သစ္စာ ခံ တဲ့ တပ် တွေ ပြင်းပြင်းထန် ထန် လက်တုံ့  ပြန် ခြင်း ကို ခံ ရတယ် လို့  စောဒက တက်
ကြ ပါတယ်။
နှင်းဆီ ဥယာဉ် မှာ မိန့်  ခွန်း မပြော ကြား ခင် မှာ အိုဘားမား က ပူးတွဲ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်
Martin Dempsey နဲ့  တွေ့ ဆုံ ဆွေးနွေး ခဲ့ ပြီး ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း နဲ့  လည်း
တယ် လီဖုန်း နဲ့  ဆွေးနွေး ခဲ့ ပါတယ်။
အိုဘားမား က သူ့  ရဲ့  မိန့် ခွန်း မှာ ဆီးရီးယား ကို မြေပြင် တပ် တွေ လွှတ် မှာ မဟုတ် ဘူး ဆို တာ
နဲ့  အာဆဒ် ရဲ့  စစ်ရေး ဗျုဟာ တွေ ကို အကန့်  အသတ် ထား ပြီး တိုက် ခိုက်မယ် ဆို တာ ကို ထည့်
သွင်း ပြော ကြား သွား ပါတယ်။

John Boehner,Syria,Obama,Warship
Related articles
- Latest Assad Atrocity Demands Response (commentarymagazine.com)
- Dempsey Cautious About Armed Intervention in Syria (israelnationalnews.com)
- The Slippery Slope We Face In Syria (forbes.com)
- Warships moving in around Syria (nation.com.pk)
- Russia sending warships to protect Syria (fireandreamitchell.com)
- Obama calls House Speaker Boehner to consult on Syria (reuters.com)

Then, why is he waiting for congress voting? He could have done like George W. Bush who gave orders to Invade Iraq without UN mandate nor asking permission from congress. In this case Bush was braver and had clearer policy than this coward Obama!