ဆရာကြီးမင်းသိင်္ခ၏တပည့်၊ ဆရာမဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
လေယာဉ်ခရီး၊ ပျော်ရွှင်သောခရီးသွားရတတ်ခြင်း၊ ရပ်ဝေးမှလက်ဆောင်ပစ္စည်းများရောက်လာ
တတ်ခြင်ဖြစ်နေတတ်သည်။ လုပ်ငန်းသစ်၊ နေရာသစ်လည်းပြောင်းရွေ့ရတတ်သည်။ ကွန်ပြူတာ
ဝင်ခြင်း၊ ဖုန်းအဟောင်းမှအသစ်ပြောင်းရတတ်ခြင်းဖြစ်တတ်သည်။ အရေးကြီးစာရွက်စာတမ်း
ပျောက်တတ်သည်။ သတိထားပါ။
ကျန်းမာရေး။ ဆေးစားမှားခြင်း၊ အစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ အထူးသဖြင့်အိမ်ထောင်ရှင်များ၏စိတ်ဝင်စားခြင်းများဖြစ်တတ်၏။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံရည်ကပ်လှူဆု
တောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၅ ၆ ၉ )
တနင်္လာသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားကိစ္စများလုပ်ကိုင်နေရတတ်ခြင်း၊ လူမျိုးခြားများနှင့်စပ်တူလုပ်
ငန်းလုပ်ကိုင်နေရတတ်ခြင်းဖြစ်နေတတ်သည်။ အောင်မြင်မည့်အချိန်ဖြစ်သည်။
ခရီးတိုများလည်းဆက်တိုက်ထွက်နေရတတ်သည်။ အမိနိုင်ငံပြန်ချင်နေသော်
လည်းမပြန်ဖြစ်ဘဲဖြစ်နေတတ်သည်။
ကျန်းမာရေး။ သွေးတိုးခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူဟောင်းကစိတ်အနှောင့်ဖြစ်အောင်လုပ်နေခြင်းခံနေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းရည်ကပ်လှူဆု
တောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၂ ၀ ၅ )
အင်္ဂါသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်အေးဆေးဖြစ်နေတတ်ခြင်း၊ ငွေကြေးကိစ္စလည်းအေးဆေးဖြစ်နြေ
ခင်းဖြစ်နေတတ်၏။ အပျော်ခရီးများဆက်တိုက်သွားနေရတတ်သည်။ မိဘကိုပိုပြီးကျေးဇူးဆပ်ရတတ်သည်
့အချိန်ဖြစ်သည်။ ပညာတခုသင်ရတတ်ခြင်း၊ အင်တာဗြူးဖြေဆိုရတတ်ခြင်းဖြစ်တတ်သည်။
ကျန်းမာရေး။ ယားနာပေါက်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ ချစ်သူများကြားစိတ်ရှုပ်စရာများဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဇီးဖျော်ရည်ကပ်လှူဆု
တောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၁ ၅ ၂ )
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
အလုပ်များနေခြင်း၊ အလှူအတန်းများလုပ်ရခြင်း၊ လူမူရေးပြဿနာများဖြေရှင်းပေးနေရတတ်
၏။ ၀င်ငွေကောင်းနေတတ်ခြင်း၊ ရပ်ဝေးမှသတင်းကောင်းကြားရတတ်ြ
ခင်းဖြစ်တတ်သည်။
လုပ်ဖေါ်ကိုင်ဘက်များနှင့်အဆင်မပြေဖြစ်နေတတ်သည်။ ခင်မင်သောမိတ်ဆွေများနှင့်လမ်း
ခွဲရတတ်သည်။
ကျန်းမာရေး။ ဇက်ကြောအရမ်းတက်နေတတ်သည်။
အချစ်ရေး။ တယောက်တနေရာစီဝေးနေရသောကြောင့်စိုးရိမ်စိတ်များဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လိမ္မော်ရည်ကပ်လှူ
ဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၈ ၁ ၃ )
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
ရေခြားမြေခြားခရီးသွားရတတ်ခြင်း၊ လူမျိုးခြားများနှင့်လုပ်ငန်းများလုပ်ကိုင်ရတတ်ခြင်း၊ အရေး
ကြီးစာတစောင်ရောက်လာတတ်ခြင်းဖြစ်တတ်သည်။ ငွေများစွာဝင်ခြင်း၊ အလုပ်တွင်လစာတိုး
ခြင်း၊ ရာထူးတိုးခြင်းဖြစ်တတ်သည်။
ကျန်းမာရေး။ ခါးနာခြင်း၊ ကျောအောင့်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ မိမိထက်မိဘကိုဦးစားပေးသူနှင့်တွေ့နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သခွားမွှေးဖျော်ရည်ကပ်
လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၅ ၁ ၅ )
သောကြာသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်ဝင်ငွေကောင်းခြင်း၊ နာမည်ကောင်းရနေခြင်း၊ မိတ်ဆွေသစ်များရခြင်း၊ ခင်မင်ရင်းနှီး
သောမိတ်ဆွေများကိုလမ်းခွဲထားခဲ့
ရတတ်ခြင်း၊ ငွေများစွာကုန်နေခြင်း၊ ရွှေဝင်ခြင်း၊ စက်ပစ္စည်း
များထွက်ခြင်းဖြစ်နေတတ်သည်။
ကျန်းမာရေး။ ခေါင်းမူးခေါင်းကိုက်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ တယောက်နှင့်တယောက်ခွဲခွာပြီးနေရန်အကြောင်းဖြစ်လာတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သရက်သီးဖျော်ရည်ကပ်
လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၃ ၅ ၃ )
စနေသားသမီးများ၏ကံကြမ္မာ
ကားဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်း၊ အိုးသစ်အိမ်သစ်ပိုင်ဆိုင်တတ်ခြင်းဖြစ်တတ်သည်။ ပျော်ရွှင်
သောခရီးသွားရတတ်သည်။ အလှူဒါနများလည်းလုပ်နေရတတ်သည်။ မိမိလိုချင်သောစက်
ပစ္စည်းများ၊ စာအုပ်စာပေများဝင်လာတတ်သည်။ နိုင်ငံခြားကိစ္စရပ်တန့်နေတတ်သည်။
ကျန်းမာရေး။ သွေးပေါင်ကျနေတတ်သည်။
အချစ်ရေး။ အချစ်သစ်နှင့်အဆင်ပြေနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လိုက်ချီးသီးဖျော်ရည်
ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၉ ၁ ၂ ၀ )
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့် )
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ၊
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ်နှင့် Mydin Supermarket အနီး
ဖုန်း+ 6016 6903 513, + 6018 2250 510
E-mail:swezinwati@gmail.com

နေရာမြဲမှာလား
အရမ်းမှန်ပါတယ် ပုံမှန်တယ်ပေးပါ
Like page
ဟောထားတာတွေကတချို့မှန်ပါတယ်
Thankyou
မှန်တယ် ဟုတ်တယ် အဲ့လိုလူမျိုးနဲ့တွှေ့နေရတယ် ကောင်းပါတယ် ကုသိုလ်ရတာပေါ့ ကျေးဇူးဆပ်ရမှာလေ
good
မှန်ပါစေလိုဆုတောင်းနေပါတယ်တပါတ်တခါတင်စေချင်ပါတယ်ကျေးဇူတင်ပါတယ်
ကျန်းမာရေး ။မိသားစုရေး။ အချစ်ရေး။
ကြိုက်ပါတယ်,ပိုပြည့်စုံရင်ကောင်းပါတယ်တစ်ပါတ်တစ်ခါဆိုပိုကြိုက်ပါတယ်