တယ်လီဖုန်း ဆက် သွယ်ရေး ကုမ္ပဏီ တွေ ရဲ့  ပုံမှန် လုပ် ထုံး လုပ် နည်း အတိုင်း နှစ်
နှစ် စာ ချုပ် ချုပ် ဆို ပြီး အသုံး ပြု မယ် ဆို ရင် iPhone 5C ၁၆ ဂီဂါဘိုက် ပမာဏာ
ကို ၉၉ ဒေါ်လာ ကျသင့် မှာ ဖြစ် ပြီး ၃၂ ဂီဂါဘိုက် ပမာဏ ကို ၁၉၉ ဒေါ်လာ ကျသင့်
မှာ ဖြစ် ပါတယ်။
လက်ရှိ မှာ တော့ iPhone 5 ရဲ့  ဈေးနှုန်း က ဒေါ်လာ ၆၅၀ ၀န်း ကျင် မှာ ရှိ နေတာ
ကြောင့် စာ ချုပ် နဲ့  မဟုတ် ဘူး ဆို ရင် ၅၄၉ ဒေါ်လာ ဈေး ရှိ မယ့် မျိုးဆက် သစ်
iPhone ဟာ ဈေး တော့ သိပ် မသက် သာ သေး ဘူး လို့  ဈေးကွက် က ဆို ပါတယ်။
Apple ရဲ့  အမှု ဆောင် အရာ ရှိ ချုပ် Tim Cook က လည်း ဖုံး သစ် မိတ် ဆက် ပွဲ
မှာ ” နှစ် တိုင်း မှာ iPhone မော်ဒယ်(လ) ဟောင်း တွေ ကို ဈေး ချပေး ခဲ့ သလို
ဈေးနှုန်း သက်သာ တဲ့ အိုင်ဖုန်း ကို ထုတ် လုပ် ဖို့  စီစဉ် ထား ပေမယ့် ဒီနှစ် မှာ
မလုပ် နိုင် ခဲ့ ဘူး လို့  အဖွင့် အမှာ စကား ပြော ကြား စဉ် မှာ ပဲ ၀န် ခံ ပြော ကြား
ခဲ့ ပါတယ်။
iPhone 5C ကို အ၀ါ ၊ အဖြူ ၊ အပြာ ၊အစိမ်း ရောင် တွေ နဲ့  ဖြန့်  ချိမှာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၁၈ ရက်နေ့ မှာ iOS 7 ကို လည်း စတင် အသုံး ပြု နိုင်မယ် လို့ 
Apple ကုမ္ပဏီ ရုံး ချုပ် ရှိ ရာ ကူပါတီနို မှာ ဒီနေ့  ကျင်း ပတဲ့ မိတ်ဆက် ပွဲ မှာ
ပြောကြား ခဲ့ ပါတယ်။
၉၉ ဒေါ်လာ နဲ့  ရရှိ မယ့် iPhone 5C ဟာ လှပ ပြီ အရည်အသွေး ပြည့် ၀ တဲ့ ပလတ်
စတစ် ကာ ဗာ နဲ့  ဖြစ် ပါတယ်။
Finger Print Sensor ဆိုတဲ့ နည်းပညာသစ် ကို လည်း iPhone 5 S မှာ ထည့်သွင်း
ထား ပြီး အသုံး ပြု သူ ရဲ့  လက်ဗွေ ကို ဖတ် ပြီး ဆဲလ်ဖုန်း အသုံး ပြု လို့  ရ မယ့် Password
သဘော မျိုး ဖြစ် ပါတယ်။
iPhone 5S ကို လည်း မိတ် ဆက် ခဲ့ ပြီး 64 Bit ကို သုံးမယ့် ကမ္ဘာ့  ပထမ ဦးဆုံး Smart
ဖုန်း လည်း ဖြစ်ပါတယ် Appleအင်ဂျင် နီယာ က ပြော ပါတယ်။ ဆက်ပြီး တော့ သူ က မျိုး
ဆက် ဟောင်း iPhone တွေ ထက် ဘက်ထရီ သက်တမ်း ပို ကြာ မှာ ဖြစ် တယ် လို့  ဆို ပါတယ်။
iPhone 5 S ရော iPhone 5C နှစ်ခု လုံး ကို စက်တင်ဘာလ ၂၀ ရက်နေ့ မှာ ၀ယ်ယူ ရရှိ နိုင်မှာ
ဖြစ် ပါတယ်။
Related articles
- iPhone 5c tech specs (idownloadblog.com)




One thought on “5S နဲ့  5C ကို ဒီနေ့  ပွဲထုတ်”
Comments are closed.