ဆေးကျောင်းသူ ကို မုဒိမ်းကျင့် သတ်ဖြတ် သူ တွေ ကို သေဒဏ် ပေးလိုက် ပြီ
ယခင်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့  အသက် ၂၃ နှစ် အရွယ်ရှိ ဆေးကျောင်းသူ လေး ကို  နယူးဒေ
ဟု သံသယ ရှိ သူ လေးဦး ကို ပြစ်မှု ထင် ရှား သဖြင့် ယနေ့  နယူး ဒေလီ တရား ရုံး က သေဒဏ်
ချမှတ် လိုက် ပြီ ဖြစ်သည်။
သေဒဏ် ပေး ခံရ တဲ့ တရားခံ တွေ ထဲ က တစ်ဦး က တော့ သူ နောင် တ ရ ပါ ပြီ ဆို ပြီး ရှိုက် ကြီး တစ်ငင် ငို ကြွေး
သည် ဟု ဟိန္ဒူ စတန် တိုင်း(မ) သတင်း ထောက် တစ်ဦး က FOX သတင်းဌာန ကို ပြောသည်။
အသက် ၂၃ နှစ် အရွယ်ရှိ ဆေးကျောင်းသူ လေးသည် ရိုက်နှက် ခံရ ပြီး နောက် မုဒိမ်းကျင့်ခံရ ကာ
ရရှိသည့် ဒဏ်ရာများ ဖြင့် စင်္ကာပူ နိုင်ငံ ရှိ ဆေးရုံ တစ်ခု တွင် ဒီဇင်ဘာလ နှောင်းပိုင်း ဉ် သေဆုံး ခဲ့သည်။
ဆေးကျောင်းသူ လေးအား မုဒိမ်းကျင့် သတ်ဖြတ်မှု ကြောင့် အိန္ဒိယ နိုင်ငံ တ၀ှမ်း ဆန္ဒပြမှု များ
ဖြစ်ပွား ခဲ့သည်။ ယနေ့  တရား ရုံး အပြင် ဘက် တွင် လည်း ဆန္ဒ ပြသူ များ က သေဒဏ် ပေး
ရန် တောင်း ဆို ခဲ့ သည်။
တရားခံ ငါးဦး နှင့် သံသယ ရှိသူ တစ်ဦး အား တရားရုံး တွင် ဖေဖော်ဝါရီ လဆန်းက စပြီး စတင်
စစ်ဆေးခဲ့ ရာ ၎င်း တို့  အထဲ မှ အသက် အငယ် ဆုံး ရမ် ဆင်း ဆိုသူ သည် မတ်လ ၁၁ ရက် နေ့ 
က သူ့  ကို ဖမ်းဆီးထား ရာ အကျဉ်းထောင် ထဲ ရှိ သီးသန့်  အကျဉ်းခန်း ထဲ တွင် ကြိုးဆွဲ ချ
သတ်သေ ခဲ့ သည်
New Dehli Rape Sentence
One thought on “ဆေးကျောင်းသူ ကို မုဒိမ်းကျင့် သတ်ဖြတ် သူ တွေ ကို သေဒဏ် ပေးလိုက် ပြီ
Comments are closed.