ဟူရ်းလက် ပခ်ကဒ် ကွန်ပျုတာ ကုမ္ပဏီ ရဲ့  ၀န်ထမ်း ပစ်ခတ် လို့  ရေ တပ် သင်္ဘောကျင်း မှာ ၁၃ ဦးသေ

AR-15 မောင်း ပြန် ရိုင်ဖယ် နဲ့  အခြား ရိုင်ဖယ် တစ် လက် အပါ အ၀င် ပစ္စတို လက်နက် ငယ် တစ်
ခု ကို ကိုင် ဆောင် ထား တဲ့ သေနတ် သမား က ပစ်ခတ်လို့  ၀ါရှင် တန်ဒီစီ ရေတပ် သင်္ဘော
ကျင်း မှာ ၁၂ ဦး သေဆုံး သွား ခဲ့ ပါတယ်။

သေနတ်သမား က တက္ကဆက် က လာတာ ဖြစ် ပြီး သင်္ဘောသား ဟောင်း တစ်ဦးလည်း ဖြစ်
ပါတယ်။

အယ်ရွန် အယ်လာစီ Aaron Alexis က နံနက် ၈ နာရီ ခွဲ လောက် မှာ ပစ်ခတ် မှု ကို စတင် ခဲ့ တာ
ဖြစ်ပါတယ်။ ပစ်ခတ် မှု ဖြစ် ပွားခဲ့ တဲ့ သင်္ဘော ကျင်း ဟာ သမ္မတ အိမ်ဖြူ တော် ၊ ကက် ပီ တိုလ် လွှတ်
တော် နဲ့  နှစ် မိုင် အကွာ လောက် မှာ ရှိ တာ ကြောင့်  SWAT အထူး ရဲ  အပါ အ၀င် ဘော်စတွန် မာရသွန်
ဗုံးပေါက် ကွဲ မှု တုန်း က အတွေ့ အကြုံ ရှိ ခဲ့ တဲ့ ရဲ ကွန်မန်ဒို တွေ ၊ ကက်ပီတိုလ် လွှ့တ်တော် အစောင့် ရဲတပ်
ဖွဲ့  တွေ ချက် ခြင်း ပဲ ရောက် လာ ခဲ့  ပါတယ်။

၂၀၁၁ ခုနှစ် မှာ ရေ တပ် က ထွက် ပြီး နောက် အယ်ရွန် အယ်လာစီ ဟာ Hewlett-Packard ကွန်ပျုတာ
ကုမ္ပဏီ မှာ ကွန်ယက် ဆက် သွယ် ရေး ကျွမ်းကျင် သူ အဖြစ် တာ ၀န် ထမ်းဆောင် နေ ကာ ကုမ္ပဏီ ရဲ့  တာ
ဝန် ပေး ချက် အရ ရေတပ် သင်္ဘောကျင်း ရဲ့  အင်ထရာ နက် ကျွမ်းကျင် သူ အဖြစ် တာဝန် ထမ်းဆောင် နေ
တာ ဖြစ် ပါတယ်။

အသက် ၃၄ နှစ် အရွယ် အယ်လာစီ ဟာ လက်နက် ကိုင် သောင်းကျန်းမှု နဲ့  နှစ် ခါ အဖမ်းခံ ရ ဖူး တယ် လို့ 
FBI မှတ်တမ်း မှာ ဖော် ပြ ထား ပါတယ်။ ရဲတပ် ဖွဲ့  က သူ့  ကို ပစ်ခတ် ပြီး ဖမ်းဆီး ရာ မှာ သေဆုံး ခဲ့ ပါတယ်။
၂၀၀၉ ခုနှစ် ဖိုဒ်ဟုဒ် စစ်စခန်း မှာ ပစ်ခတ် မှု ဖြစ် ပြီး နောက် အခုတစ်ခါ ရေတပ်စခန်း ပစ်ခတ် မှု ဟာ အဆိုးရွား
ဆုံး နဲ့  အသေ အပျောက် အများ ဆုံး ဖြစ် ပါတယ်။

အယ်ရွန် အယ်လာစီ ဘာကြောင့် ပစ်ခတ် တာ လဲ ဆို တာ ကို တော့ ရဲ တပ် ဖွဲ့  က စုံစမ်း နေပါတယ်။ ပစ်ခတ်မှု
ဖြစ် တဲ့ သင်္ဘော ကျင်းဟာ အမေရိကန်တွေ ဗြိတိသျှ ကို တော်လှန် ကတည်း က အသုံး ပြု ခဲ့ တဲ့ သင်္ဘော ကျင်း ဖြစ်
ပါတယ်။
WASHINGTON_SHOOTING_MAP_WEB

One thought on “ဟူရ်းလက် ပခ်ကဒ် ကွန်ပျုတာ ကုမ္ပဏီ ရဲ့  ၀န်ထမ်း ပစ်ခတ် လို့  ရေ တပ် သင်္ဘောကျင်း မှာ ၁၃ ဦးသေ

Comments are closed.