အာဖရိက တိုက် ကင်ညာ နိုင်ငံ နိုင်ရိုဘီ မြို့  က West Gate ဈေး ၀ယ် စင်တာ ကို အယ်(လ)
ခိုင်ဒါ နဲ့  အဆက် အသွယ် ရှိ တဲ့ အယ်(လ) ရှာဘတ် စစ်သွေး ကြွ အဖွဲ့  စီးနင်း တိုက်ခိုက် ပြီး
ဓားစာခံ တွေ ကို ပြန် ပေး ဆွဲ ပစ်ခတ် မှု တွေ လုပ် ခဲ့ လို့  ၄၃ ဦး သေဆုံး ခဲ့ ပါတယ်။
လွန်ခဲ့ တဲ့ နှစ် တွေ တုန်း က ဆိုမာ လီယာ နိုင်ငံ ရဲ့  ထက် ၀က် လောက် ကို အုပ်စိုး ထား တဲ့
အယ်(လ) ရှာဘတ် အဖွဲ့  က ဒီဈေးဝယ် စင်တာ ကို တိုက် ခိုက်တာ လို့  သူတို့  ရဲ့  တွီတာ
မှာ ကြေငြာ ခဲ့ ပါတယ်။
ဆိုမာလီယာ နိုင်ငံ ထဲ မှာ ကင်ညာ တပ် တွေ ချထား တာ ကြောင့် တိုက် ခိုက် ရာ တာ ဖြစ် တယ်
လို့  လဲ တွစ် တာ မှာ ဖော် ပြထား ပါတယ်။
အဆောက် အဦ ထဲ မှာ ကျန် ရှိ နေတဲ့ စစ်သွေး ကြွ တွေ က ဓားစာ ခံ တွေ ကို ဆက် လက် ဖမ်း
ဆီး ထား တာ ကြောင့် ကင်ညာ လုံခြုံရေး တပ် ဖွဲ့  တွေ က အဲဒီ အဆောက် အဦ ကို ဆက် လက်
ပိတ် ဆို့ ထား ပါတယ်။
၂၄ နာရီ ကြာ အဆောက် အဦ ကို စီးနင်း ပြီး ဓားစာခံ ဖမ်းဆီးထား မှု ကို ကင်ညာ သမ္မတ က
အလျှော့ မပေး ဘဲ ဖြေရှင်း မယ် လို့  ဆို ပါတယ်။
စစ်သွေးကြွ တွေ က လဲ ကင်ညာ အစိုးရ နဲ့  ဆွေးနွေးမှာ မဟုတ် ဘူး လို့  ပြောပါတယ်။
သေဆုံး သူ တွေ ထဲ မှာ စစ်သွေးကြွ တွေ ရော ဓားစာခံ တွေ ပါ ပါ ၀င် ပါတယ်။
အကြမ်းဖက် သမား တွေ က မွတ်ဆလင် တွေ ကို ပြန်လွှတ်ပေး ပြီး အခြား ဘာသာ ၀င် တွေ
ကို ဖမ်းဆီးထား တာ ဖြစ် ပါတယ်။
၁၉၉၈ ခုနှစ် သြဂုတ် လ ၇ ရက် က နိုင်ရိုဘီ က အမေရိကန် သံရုံး အကြမ်းဖက် တိုက်ခိုက်
ခံရ ပြီး နောက် ကင်ညာ မှာ အဆိုးရွား ဆုံး အကြမ်းဖက် ထပ် မံ ဖြစ် ပွား တာ ဖြစ် ပါတယ်။
Photograph: Jonathan Kalan/AP
Nairobi, Kenya, Al Shaba, Militia, Al Qaeda Connection

One thought on “နိုင်ရိုဘီ ဈေးဝယ် စင်တာ စီးနင်းမှု ၄၃ ဦးသေဆုံး”
Comments are closed.