မြန်မာ နိုင်ငံ ရခိုင် ပြည်နယ် သံတွဲ မြို့  နယ် ရဲ့  မြောက် ဖက် ၁၅ မိုင်လောက် သာ ဝေး တဲ့
ရွှေလှေ ကျေးရွာ မှာ ဖြစ် ပွား ခဲ့ တဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခ ကြောင့် အနည်း ဆုံး
လူ ငါး ဦး သေ ဆုံး ပြီး ၈၀ ကျော် ဒဏ် ရာ ရရှိ တယ် လို့  FNG က သတင်း ရရှိ ပါတယ်။
လွန်ခဲ့ တဲ့ တစ်နှစ် ကျော် က ရခိုင် ပြည်နယ် ကျောက်ဖြူ မြို့  ကျောက်နီမော် ကျေးရွာ မငြိမ်
သက် မှု စတင် ဖြစ် ပွား တစ်နှစ် ကျော် ကြာ မှ အဲဒီ ဒေသ ကို ရောက် လာ တဲ့ မြန်မာ သမ္မတ
ဦးသိန်းစိန် က သူ့ ရဲ့  သုံးရက် ကြာ ခရီးစဉ် မှာ ပါ ၀င် တဲ့ သံတွဲ မြို့  ကို သွားရောက် မယ့် အစီ
အစဉ် ကို လည်း ဖျက် သိမ်းလိုက် ပါတယ်။
ရွှေ လှေ ကျေးရွာ အနီး က သပြု ချိုင် ကျေးရွာ မှာ ကမန် တိုင်းရင်းသား မွတ်ဆလင် တွေ ရဲ့  ရွာ
ကို အိပ် ပျော်နေစဉ် ရွာ လုံး ကျွတ် မီးတင် ရှို့ ခံ ရ တာ ကြောင့် ရွာခံ တွေ ဟာ မန်ကျဉ်း ကျွန်း ၊
ရွှေ လှေ ဘက် ကို ထွက် ပြေး ပြီး တောတွေ ထဲ မှာ ပုန်းအောင် နေ ရ ပါတယ်။
လုံခြုံရေး ၀န်ထမ်း တွေ က အကြမ်းဖက် တဲ့ ရခိုင် ဗုဒ္ဓဘာသာ ၀င် တွေ ကို ထိထိ ရောက်
ရောက် တားဆီး နိုင်တာ မရှိ လို့  တော ထဲ ပုန်းနေ ရတဲ့ ကမန် တွေ ဟာ နှစ် ရက် တိုင် ကြာပြီ
ဖြစ် ပေမယ့် နေရပ် ကို မပြန် ရဲ သေးဘူး လို့  သိရ ပါတယ်။
ရွှေလှေ ကျေးရွာ က ကမန် လူမျိုးတစ်ဦး က တော့ ” အကုန် တော ထဲ မှာ စားစရာ လဲ မယ်မယ်
ရရ မရှိ ဘူး ၊ ကလေး တွေ လဲ မှဲ့  တွေ ၊ ခြင် တွေ ကိုက် အကုန် လုံး ဖြစ် သလို ပဲ အဲဒီမှာ နေကြ
ရတယ် ၊ ဘယ်သူ မှ မပြန် ရဲ သေး ဘူး လို့  FNG ကို ပြော ပါတယ်။
တစ်နှစ် ကျော် ကြာ ပြီ ဖြစ် တဲ့ လူ မျိုးရေး ၊ ဘာသာရေး ပဋိပက္ခ တွေ ဟာ မြန်မာ နိုင်ငံ နေရာ အနှံ့ 
အပြား ကို ကူးစက် သွား ပြီး တဲ့ နောက် လူ ၁၇၀ လောက် သေဆုံး ပြီး တစ်သိန်းခွဲ ကျော် အိုးမဲ့ အိမ်မဲ့
ဖြစ်ခဲ့ ရ ပါတယ်။
ရွှေလှေ ကျေးရွာ က ဗလီ တစ်လုံး လဲ တိုက်ခိုက် မီးရှို့ ဖျက်ဆီးခံခဲ့ရတယ် လို့  သိရ ပါတယ်။
ခင်မောင်ဝင်း – အေပီ သတင်း ဌာ ၊ စိုးဇေယျထွန်း – ရိုက်တာ သတင်းဌာနဲ့  စိုးသန်းဝင်း – အေအက်(ဖ)ပီ
သတင်းဌာ နတို့  ရဲ့  သံ တွဲ မြို့  မှာ ရိုက် ကူးခဲ့တဲ့ ဓာတ်ပုံ တွေ ဖြစ်ပါတယ်။



















One thought on “သံတွဲအကြမ်းဖက်မှု ငါး ဦးသေ ၊ ၈၀ ကျော် ဒဏ်ရာရ ၊ တောထဲ မှာ ၂၀၀ ကျော် ပုန်းအောင် နေ ၊ အိမ် ၁၀၀ ကျော် မီးရှို့ ခံ ရ”
Comments are closed.