သူရိယ အလင်း သတင်း စာတိုက် ကို ဗိုလ်ချုပ်မှုးကြီး ဟောင်း မြေး ၀င်စီး

မယ်စကြာ ၀ဠာ ပြိုင် ပွဲ အတွက် မြန်မာ နိုင်ငံ  ကိုယ်စား ပြု ရွေးချယ် ခံရ တဲ့ တရုတ် အမျိုး
သမီး မိုးစက်ဝိုင် နဲ့  ပတ်သက် ပြီး သတင်း ဖော် ပြမှု ကို မကျေမချမ်း ဖြစ် ကာ အငြိမ်းစား
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေး နေရွှေသွေးအောင် နှင့် စီးပွားကူးသန်း
ဝန်ကြီး ဦးဝင်းမြင့် ၏ သား အပါအ၀င် လူငယ် တစ်စု သည် အောက်တိုဘာ လ ၁၉ ရက်
သီတင်းကျွတ် လပြည့် နေ့ နံနက် အစောပိုင်း အချိန် တွင် ရန်ကုန် မြို့  ကမ္ဘာ အေး ဘုရား
လမ်း ရှိ သူရိယ အလင်း ဂျာနယ် တိုက် ကို ၀င်ရောက် စီးနင်း ပြီး  ကွန်ပျုတာ ၁၂ လုံး နှင့်
အခြား အီလက် ထရောနစ် ပစ္စည်း အချို့  ကို သိမ်းဆည်း သွား သည် ဟု သတင်း ရရှိသည်။

သတင်းစာ တိုက် ရှိ လှို့ ဝှက် ရုပ်သံ ဖမ်း ကိရိယာ CCTV ကို လည်း စောင် ၊ စက္ကူ တို ဖြင့် အုပ်
ပြီး စနစ် တကျ လုပ် သွား သည် ဟု ဂျာ နယ် တိုက် နှင့် နီးစပ် သူ တစ်ဦး မှ FNG ကို အတည် ပြု
ပြောသည်။

ဝင်ရောက် စီနင်းခံ ရသည့် သူရိယ အလင်း သတင်းစာ တိုက်သည် မယ်စကြာ ၀ဠာ ပြိုင် ပွဲ
တွင် မြန်မာ နိုင်ငံ ကိုယ်စား ပြု ၀င်ရောက် ယှဉ်ပြိုင် ခွင့် ရခဲ့သည့် မိုးစက်ဝိုင် နှင့် ပတ်သက် ပြီး
စုံစမ်း ရေးသား မှု များ ကြောင့် နေရွှေသွေးအောင် ၏ အညှိုးထား ခြင်း ကို ခံရသည် ဟု FNG
မှ သိရသည်။

မယ်စကြာ ၀ဠာ ပြိုင်ပွဲ ၀င် မိုးစက်ဝိုင် နှင့် နေရွှေသွေးအောင် တို့  မှာ ရင်းနှီးမှု ထက် ပို သည့်
ဆက်ဆံ ရေး ကြောင့် သတင်းစာ တိုက် မှာ ၀င်ရောက် စီးနင်း လုယက် ခံရခြင်း ဟု ရန်ကုန်
သတင်း မီဒီယာ အသိုင်း အ၀ိုင်း က သုံးသပ် ကြသည်။

နေရွှေသွေးအောင် သည် တက္ကသိုလ်များ ဘောလုံး အဖွဲ့ ချုပ် ချံပီယံ လိဂ် ဖလား အတွက် ဦး
ဆောင် ဦးရွက် မှု ပြုသည် ဟု ဆို ကာ သတင်း မီဒီယာများ တွင် အောက်တိုဘာလဆန်းမှ
စ၍ တ ကျော့ ပြန် ပေါ် လာခဲ့သည်။

တိုက်တိုက် ဆိုင်ဆိုင် ပင် နေရွှေသွေးအောင် ၏ အဖိုး ဖြစ်သူ စစ်ခေါင်းဆောင် ဟောင်း
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ယနေ့  ည တွင် နေ ပြည်တော် ရှိ ၎င်း ၏ နေ အိမ် ဉ် ပြည်ထောင်စု
ကြံ့ခိုင်ရေး နှင့် ဖွံ့  ဖြိုးရေး ပါတီဝင် များ ၏ ကန် တော့ မှု ကို ခံ ယူမည် ဖြစ်သည်။

မယ်စကြာ ၀ဠာ မိုးစက်ဝိုင် နှင့် ပတ်သက် ပြီး ဂျာနယ် တစ်ခု မှ ဖော်ပြချက်
မယ်စကြာ ၀ဠာ မိုးစက်ဝိုင် နှင့် ပတ်သက် ပြီး ဂျာနယ် တစ်ခု မှ ဖော်ပြချက်

7 thoughts on “သူရိယ အလင်း သတင်း စာတိုက် ကို ဗိုလ်ချုပ်မှုးကြီး ဟောင်း မြေး ၀င်စီး

  1. ထင်တိုင်းကျဲချင်တဲ့မကောင်းတဲ့စိတ်မပျောက်သေးပဲကိုခေတ်မရှိတော့တာမသိသေးဘူးထင်ပါရဲ့

  2. ဒီလိုတွေ ဖြစ်နေတာ ဘယ်သူက. အေ၇းယူပေးကြမှာလဲ ဒီကောင်က ဘာကောင်မို့လဲ အာဏာကိုဗန်ပြပြီး ဒီလိုပဲသောင်းကြန်းနေတာပဲလား ဒီကောင်တွေ myanmar. နိုင်ငံမှာ၇ှနေတာ နိုင်ငံတစ်ခြမ်းလေးတယ်

  3. မိန်းမတစ်​​ယောက်​အတွက်​ အာဏာပါဝါသုံးတယ်​ဆို​တော့ရှက်​စရာလုပ်​ရပ်​ကြီး​နော်​ ဒါလားကွ​ယောက်ျား???

  4. ဒီ​ကောင်​​တွေ​သောင်းကျန်​တုန်းဘဲလား ပြည်​သူ​တွေဒီတိုင်းငြိ​​မ်​​​နေစရာမလိုဘူး ဒါမျိုးအာဏာသုံးတဲ့စနစ်​ကြီးလဲမရှိသင့်​​တော့ဘူးထင်​တယ်​ ​ပြော​တော့​ပေါ်လက်​စီ​ပြောင်းပြီး​​ခေတ်​​နောက်​ပြန်​ဆွဲတဲ့သူ​တွေကို သမ္မတကအ​ရေးယူမယ်​ဆို ​ဆွေမကင်းမျိုးမကင်း​တွေမို့လို့လား အ​ခြေခံဥပ​ဒေက​ရောကာကွယ်​မ​ပေးဘူးလား ဒါဆိုလွှတ်​​တော်​မှာ​ပြောခဲ့တာ​တွေ အလကား​ပေါ့​နော်​?

Comments are closed.