ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး။
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေတဲ့ အဖိုးကြီးတစ်ယောက်
ကိုအင်တာသွားဗျူးတာလေး တင်ပေးလိုက်ပါတယ်။
မေး။ ။အဘနံမည်ဘယ်လို ခေါ်ပါသလဲ?အသက်ဘယ်လောက်ရှိပြီလဲ ?
ဖြေ။ ။သခင်လှကြိုင်ပါ။အသက်က ၉၃ နှစ်ကွဲ့။
မေး။ ။အဘကစစ်မှု့ထမ်းဟောင်းလား?
ဖြေ။ ။တော်လှန်ရေးရဲဘော်ပါ။ဗိုလ်ရန်နိုင်ရဲ့ တစ်ပည့်ပါ။
မေး။ ။ဘယ်မှာနေလဲ ?ဘယ်သူနဲ့နေလဲ?
ဖြေ။ ။အိုးလေးစုထဲမှာနေတယ်။မုဆိုးမသမီးနဲ့ မြေးနဲ့နေပါတယ်။
မေး။ ။ဘာလို့ပိုက်ဆံတောင်းတာလဲ?ဘယ်လောက်ကြာပြီလဲ?
ဖြေ။ ။အဆင်မပြေလို့ပါ။ တစ်နှစ်လောက်ရှိပြီ။
မေး။ ။နိုင်ငံတော်က မထောက်ပံဘူးလား?။မော်ကွန်းဝင်လက်မှတ်တွေ
ဘာတွေ မရှိဘူးလား?
ဖြေ။ ။မထောက်ပံပါဘူး။ဦးနေ၀င်း ပေးခဲ့တဲ့ ဂုဏ်ပြုလွှာတော့ရှိပါတယ်။
မေး။ ။မျက်စီတစ်လုံးက ဘာဖြစ်တာလဲ?။
ဖြေ။ ။မမြင်ရတော့ဘူး။
မေး။ ။တစ်နေ့ဘယ်လောက်ရလဲ?။
ဖြေ။ ။သုံးထောင်လောက်ရပါတယ်ကွယ်။
( သခင်လှကြိုင်၏ နေအိမ်နှင့် သူ့ပုံများ )
Photo and Text Credit to Kyi Linn








Try
ဗမာနိုင်ငံရဲ့ှေမ်ကွန်းဝင်တစ်ဦးဟာဒီလိုတောင်းစားနေတာမှန်ရင်တော့ဗမာနိုင်ငံအနေနဲ့အရမ်းရှက်ဖို့ကောင်းပါတယ်