Fast and the Furious ဇာတ်ကား များ တွင် ဘရိုင်ယန် အို ကော်နာ အဖြစ် သရုပ် ဆောင်
သည့် ပေါလ် ဝေါလ်ကာ သည် အသက် ၄၀ နှစ် အရွယ် တွင် ကွယ်လွန် သည် ဟု FNG
မှ သတင်း ရရှိသည်။
လောစ်ဇင်ဂျလိစ် မြို့  မြောက် ဘက် ဆန်တာ ကလာရီတာ တွင် ပေါ်ရှေး မော်တော် ကား
ဖြင့် ခရီးသွား နေ ခိုက် အရှိန် မထိမ်း နိုင်ဘဲ လမ်းဘေး သစ်ပင် ကို တိုက် မိရာ မှ
ကွယ် လွန် အနိစ္စရောက် ခြင်း ဖြစ်သည်။
ပေါလ် ဝေါလ်ကာ နှင့် အတူ သေဆုံး သွား သည့် 2005 ခုနှစ် ထုတ် Porsche Carrera
GT ကို မောင်းသူ ၏ အမည် ကို ခရိုင်ရဲတပ် ဖွဲ့  က ထုတ် ဖော် ပြော ဆို ခြင်းမရှိ ဟု သိရသည်။
ပေါလ် ဝေါလ်ကာ သည် ဆန်တာ ကလာရီတာ တွင် ကျင်း ပသည့် ဖိလစ်ပိုင်
တိုင်ဖွန်း မုန်တိုင်း ရံပုံငွေ မော်တော် ကား ပြပွဲ အတွက် ပါဝင် ကူညီ နေ စဉ်
မော်တော် ကား တိမ်းမှောက် ခြင်း ဖြစ်သည်။
Fast and the Furious ထိပ်တန်း မော်တော်ကား မှောင်ခို ဂိုဏ်းများ ရုပ်ရှင် ကား
နှင့် Flags of Our Father ဇာတ် အပါ အ၀င် ရုပ်ရှင် ကား ပေါင်း ၂၀ ကျော် ဉ် Paul Walker
ပါဝင် သရုပ်ဆောင်ခဲ့သည်။
သူ ကွယ် လွန် ချိန် ဉ် Fast and Furious 7 ဇာတ်ကား အတွက် သရုပ်ဆောင် နေ ချိန် လည်း
ဖြစ်သည်။
The Fast and the Furious ဗင်ဒီဇယ် နှင့် အတူ သရုပ်ဆောင် ခဲ့ ပြီး 2 Fast 2 Furious ဇာတ်ကား
မှ စတင် ကာ လူကြိုက်များလာခဲ့သည်။
၎င်း သည် Universal ရုပ်ရှင် စတူဒီယို နှင့် တွဲ ဖက် ပြီး ရုပ်ရှင် ကားများ ရိုက်ကူးလာသည်
မှာ ၁၄ နှစ် ရှိ ပြီ ဖြစ်သည်။
မော်တော် ကား အရှိန် မထိမ်း နိုင်ပဲ တိမ်းမှောက် မှု မှာ ညနေ ၃း၃၀ နာရီ အချိန် တွင်ဖြစ်
သည်။ အရေး ပေါ် သူနာ တင်ယာဉ် နှင့် မီးသတ် ကားများ လာသည့် အချိန် တွင် မော်
တော် ကား မှာ မီး ကျွမ်းလောင် နေ ပြီ ဖြစ်သည်။
Related articles
- NEWS: Actor Paul Walker (Fast & Furious) Dead At 40 (kiss951.cbslocal.com)
- ‘Fast and the Furious’ actor, Paul Walker dies at 40 (wtvr.com)
- Heart Broken: Fast and Furious, Paul Walker Died In Car Crash (marzentertainmentnews.wordpress.com)







One thought on “Fast and the Furious မင်းသား မော်တော်ကား တိမ်းမှောက် မှု ကြောင့် သေဆုံး”
Comments are closed.