နှစ် များ စွာ တိုင်အောင် အဖြေ မထွက် ပဲ ရှိ ခဲ့ တဲ့ တရုတ် ဆဲလ်ဖုန်း ကုမ္ပဏီ တွေ နဲ့ 
အိုင်ဖုန်း စာချုပ် ဟာ ဒီနေ့  တော့ China Mobile နဲ့  Apple စာ ချုပ် ချုပ် ဆို နိုင်မှု
ကြောင့် အဆုံး သတ်သွား ခဲ့ ပြီ ဖြစ် ပါတယ်။
တရုတ် အစိုးရ ရဲ့  စက်မှု နဲ့  သတင်း နည်း ပညာ ဌာန က China Mobile ကို 4G လိုင်
စင်ချ ပေး ပြီး နောက် တစ်ရက် အကြာ မှာ စာ ချုပ် ချုပ် ဆို နိုင်ခဲ့ တာ ဖြစ် ပါတယ်.
အမေရိကန် ရဲ့  လူကြိုက် အများ ဆုံး အိုင်ဖုန်း က တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ နဲ့ 
စာ ချုပ် ချုပ် ဆို မှု ပြီး နောက် မှာ Apple ဟာ ကမ္ဘာ့ အကြီး ဆုံး ဆက်သွယ်ရေး ဈေး
ကွက် ကို ရရှိ မှာ ဖြစ် ပါတယ်။
China Mobile ကို တရုတ် ပြည်သူ သန်း ၇၀၀ ကျော် လောက် က အသုံး ပြု ကြ ပါတယ်။
အိုင်ဖုန်း ကို တရုတ် ပြည် မှာ ထုတ်ပေမယ့် တရုတ် အစိုးရ ရဲ့  ပယောဂ ကြောင့် ဆက်သွယ်
ရေး ကုမ္ပဏီတွေ ဟာ Apple နဲ့  စာ ချုပ် ချုပ် ဆို မှု ကို အောင်မြင် စွာ မပြု လုပ် နိုင် ခဲ့ ကြ
ဘူး လို့  Wall Street Journal မှာ ဖော် ပြထား ပါတယ်။
တရုတ် တွေ 4G ကွန်ယက် စသုံး နိုင်တာ နဲ့  အတူတူ ဒီဇင်ဘာလ ၁၈ ရက်နေ့  မှာ အိုင်ဖုန်း
ဟန်းဆက် ကို လည်း အသုံး ပြု နိုင် မှာ ဖြစ် ပါတယ်။
အရင် က အိုင်ဖုန်း ကို တရုတ် ပြည်မှာ သုံးစွဲမှု ရှိ ပေမယ့် တရားဝင် ဆက်သွယ်ရေး ကုမ္ပဏီ
နဲ့  စာ ချုပ် ချုပ် ဆို သုံးစွဲ တာ မျိုး မဟုတ် ပါဘူး။
