“ကူညီ ကယ်တင် စောင့်ရှောက် ခဲ့ သူများ” ကို တစ်နှစ် တာ ထူးချွန်မှု အရှိ ဆုံး သူများ အဖြစ် ရွေးချယ်

တစ်နှစ်တာ အတွင်း ထူးချွန် ခဲ့သူ (Person of the Year) အဖြစ် Freedom News Group ၏
အယ်ဒီတာ အဖွဲ့ မှ “ကူညီ ကယ်တင် စောင့်ရှောက် ခဲ့ သူများ”  ရွေးချယ် လိုက်သည်။ ၂၀၁၃ ခုနှစ်
အတွင်း မြန်မာ နိုင်ငံ တွင်း ဉ် ဘာသာရေး လူမျိုး ရေး ပဋိပက္ခများ၊ စစ်ပွဲ များ ၊ သဘာဝ ဘေးဒဏ်
များ ၊ လူမှု  နှင့် နိုင်ငံရေး အနိဌာရုံ များ ကြောင့် မငြိမ်သက် စဉ် အသက်ဘေး မှ အတွက် ရုန်းကန် ခဲ့ရသူ
များ အား အသက် အန္တရာယ် နှင့် ရင်ဆိုင် ပြီး ရဲ ၀ံ့ စွာ ကယ် တင် စောင့် ရှောက်ခဲ့ သူများ ကို ပေး အပ်ခြင်း
ဖြစ်သည်။

ကချင် စစ်ဘေး ဒုက္ခသည် များ ကို ကယ်တင် စောင့်ရှောက် မှု တွင် ပါဝင်ခဲ့သူ များ မှ အစပြု ကာ
ရခိုင် မငြိမ်သက် မှု တွင် ကယ်ရာမဲ့ ဖြစ်နေသည့် ဌာနေ မွတ်ဆလင် များ ကို ကယ် တင်ခဲ့သည့်
ရခိုင် တိုင်းရင်းသားများ ၊ မွတ်ဆလင် မိသားစုများ ကို ခိုလှုံခွင့် ပေးခဲ့သည့်
မိတ္ထီလာ မြို့  မှ  ဇနီးမောင်နှံ ၊ အဖိုးအို ၊ လားရှိုး မြို့  မှ မန်ဆူကျောင်းတိုက်

ဆရာတော် ရှင်ပုညနန္ဓ နှင့် ဘုန်းတော် ကြီးများ ၊ ရမည်းသင်း မှ စစ်သား များ မှ သည် 
၁၃၀၀ ပြည့် အရေး တော် ပုံ တွင် ပါဝင်ခဲ့သည့် သခင်လှကြိုင် ကို ကယ် တင် စောင့်
ရှောက် ခဲ့သူများ ၊ သဘာဝ ဘေးဒဏ် များ ဖြစ်သည့် ရေကြီး မှု ငလျှင် လှုပ်မှု များ တွင်
ဒုက္ခရောက်ခဲ့ သူများ အား ကယ်တင် ထားသူများ ထိ ပါဝင်သည်။

Freedom News Group မှ “ကူညီ ကယ်တင် စောင့်ရှောက် ခဲ့ သူများ” 
  အား Person of the Year ဆု အတွက် ရွေးချယ် ပေးအပ် ချီးမြှင့်ရခြင်း မှာ ဒုက္ခရောက်
နေသူများ ကို စာနာစိတ် ထား သည့် မွန်မြတ် သော စိတ်ဓာတ် နှင့် မည်သူမှ လက်ခုပ်တီးမည့်
သူ မရှိ ချိန် တွင် အနစ်နာခံ ကိုယ်ကျိုးစွန့် စိတ်ဓာတ် ကို မြန်မာ ပြည်သူများ အထူး သဖြင့် လူ
ငယ်များ အားကျ အတု ယူ နိုင်ရန် နှင့် ထို စိတ်ဓာတ် မျိုး ကမ္ဘာ တည် သရွေ့  အဓွန့် ရှည် နိုင်ရန်
ဖြစ်သည်။

၂၀၁၃ သည် မြန်မာ နိုင်ငံ တွင် မငြိမ်သက် မှု များ ၊ မုန်းတီးရန်လို မှု မှ အစပြုသည့် ပဋိပက္ခများ
ကြောင့် အကျဉ်းတန်သော် လည်း ထို အထဲ မှ လူ့ ပီသ သည့် ဓလေ့နှင့် ပတ်သက်သည့် အလှ
တရား ကို FNG မှ ရှာ ဖွေ ဖော်ထုတ် ပြ ခြင်းလည်း  ဖြစ်သည်။

လေးစားစွာဖြင့်

အယ်ဒီတာ အဖွဲ့ 

(ဒီဇင်ဘာ ၊ ၂၀၁၃)
935199_10152538459172588_539504154_n