FNG အသက် ၅၈ နှစ် အရွယ် ရှိ ပြီ ဖြစ်တဲ့ လေကြောင်း ပျံသန်းမှု ဆိုင်ရာ စက်ပစ္စည်း
များ ပြု ပြင် ထိမ်းသိမ်းမှု ကျွမ်းကျင် သူ တစ်ဦး ကို ကန်ဆပ် ပြည်နယ် က ၀ီချီတာ
လေဆိပ် ကို ဗုံးဖောက်ခွဲ ရန် ကြံစည် မှု နဲ့  ထိမ်းသိမ်း လိုက် ပါတယ်။
Terry Lee Loewen ဆိုတဲ့ လေယာဉ် အင်ဂျင် တပ်ဆင်မှု ဆိုင်ရာ စက်မှုဘက်
ပညာရှင် တစ်ဦး ဖြစ် ပြီး ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်း ကိရိယာ တွေ ကို စုဆောင်း
ပြီး အသေခံ ဗုံး ခွဲ ဖို့  အတွက် မော်တော် ကား ပေါ် တင် ပြီး လေယာဉ် ကွင်း ထဲ ကို
ဝင်လာ ချိန် မှာ FBI စုံထောက် တွေ က ဖမ်းမိတာ ဖြစ် ပါတယ်။
လိုဝန် ဟာ လေဆိပ် နဲ့  ပတ်သက် တာ တွေ လနဲ့  ချီပြီး အသေးစိတ် လေ့လာခဲ့
ကာ ဗုံးဖောက်ခွဲ နိုင်ဖို့  အတွက် ပစ္စည်း တွေ စုဆောင်း ခဲ့ ကာ ဒီနေ့  ခရီးသွား
တွေ များ ပြား တဲ့ အချိန် ကျ မှ ဖောက်ခွဲ ဖို့  စီစဉ် တာ ဖြစ်တယ် လို့  တရားရေး
ဌာန က သတင်း ထုတ် ပြန် ပါတယ်။
FBI က သူ့  ကို စုံစမ်းထောက်လှမ်း နေ ခဲ့ ပြီး စုံထောက် Michael Kaste က ” လိုဝန်
ဟာ ဒီဖောက် ခွဲ ဖို့  အတွက် တစ်ဦး တည်း လုပ် ဆောင် ခဲ့ တာ ဖြစ် ပြီး ၊ ပြည်တွင်း အကြမ်း
ဖက် သမား အဖြစ် အထူး စိုးရိမ် ရတယ် ” လို့  ပြော ပါတယ်။
ပြီး ခဲ့ တဲ့ နှစ် ပိုင်း မှာ မွတ်ဆလင် ဘာသာ ကို ကူးပြောင်း ခဲ့ တယ့် တယ်ရီ ဟာ တစ်ကိုယ်
တော် ဂျီဟဒ် လုပ် ဖို့  အတွက် ခု လိုကြံစည် တာ ဖြစ် ပါတယ်။ အခု တော့ သူ့  ကို လူအမြောက်
အမြား သေစေနိုင်တဲ့ ပစ္စည်း နဲ့  ဖောက် ခွဲ ရန် ကြံစည် မှု အပါအ၀င် စွဲ ဆို ချက်
ငါး ခု နဲ့  ဖမ်းဆီး ထား ပါတယ်။
Related articles
- The FBI Says It Has Stopped A Suicide Bomb Plot On Kansas Airport – #Business (execdaily.wordpress.com)

