တစ်ချိန် က ကမ္ဘာ ကျော် ငွေကြယ်ပွင့် တွေ တစ်ရက် ထဲ မှာ ကွယ်လွန်

အိုင်ယာလန် တွင် မွေးဖွား ပြီး အင်္ဂလန် တွင် ကြီးပြင်း ခဲ့သည့် မင်းသားကြီး
ပီတာ အိုတူလ်း သည် အသက် ၈၁ နှစ် အရွယ် တွင် ကွယ်လွန် သွား ပြီ ဖြစ်သည်။

၁၉၆၂ ခုနှစ် တွင် Lawrence of Arabia ဇာတ်ကား ဉ်  TE Lawrence အဖြစ်
သရုပ်ဆောင်ခဲ့သည်။

၂၀၀ ခုနှစ် တွင် Venus ဇာတ်ကားဉ် သရုပ်ဆောင် ခဲ့ ရာ တွင် လည်း အကယ်ဒမီ
ဆုလျှာထားခံရသည်။

အသံတိတ် အဖြူ အမည်း ရုပ်ရှင် ခောတ် မှ အသံ ထွက် ရောင်စုံ ခောတ် ထိ သရုပ်
ဆောင် ခဲ့သည့် မင်းသမီး ကြီး Joan Fontaine သည် ကာလီဖိုးနီးယား ပြည်နယ်
ကာမယ် ရှိ နေ အိမ် တွင် အသက် ၉၆ နှစ် အရွယ် တွင် ကွယ်လွန် သည်။

Joan Fontaine သည် ဒါရိုက်တာ အဲလ်ဖရက် ဟခ်ျကော့ ၏ Suspicion နှင့် Rebecca
ဇာတ်ကားများ တွင် သရုပ် ဆောင် ပြီး အော်စကာ ဆု ရရှိ ခဲ့သည်။ Joan Fontaine ဟာ
သူ့  ရဲ့ အမ ဖြစ်တဲ့ ရုပ်ရှင် မင်းသမီး အိုလီဗာယာ ဒီ ဟာဗီလန် လက် ပေါ် မှာ ပဲ ကွယ်လ
လွန် ခဲ့ခြင်း ဖြစ်သည် ဟု ရိုက်တာ သတင်း တွင် ဖော် ပြ ထားသည်။

Joan Fontaine  တို့  ညီအမ နှစ်ဦး အား ဗြိတိသျှ မိဘ နှစ် ပါး မှ ဂျပန် တွင် မွေးဖွား ပြီး
အမေရိကန် တွင်ကြီး ပြင်းခဲ့သည်။

လူကြိုက် များ တဲ့ Billy Jack ရုပ်ရှင် ဇာတ်ကား ကို ရိုက် ကူးခဲ့သည့်  ဒါရိုက်တာ Tom Laughlin
လည်း အသက် ၈၂ အရွယ် မှာ ကွယ်လွန် ခဲ့ သည်.။

ပီတာ အို တူး နှင့်  Joan Fontaine တို့  နှစ် ဦး စလုံးသည် ရုပ်ရှင် ဇာတ်ကား တစ်ခု တွင် အတူ သရုပ်
ဆောင် ဖို့  ကမ်းလှမ်း ခံရပေမယ့် နှစ်ယောက် စလုံး က အဲဒီ ဇာတ်ကား အတွက် သရုပ်မဆောင် ဖြစ်ခဲ့ကြ
ဟု သိရသည်။

One thought on “တစ်ချိန် က ကမ္ဘာ ကျော် ငွေကြယ်ပွင့် တွေ တစ်ရက် ထဲ မှာ ကွယ်လွန်

Comments are closed.