စစ်တပ် အာဏာသိမ်းမယ် လို့  သတင်းထွက်နေတာ ကို ထိုင်းဗိုလ်ချုပ်ကြီး ငြင်း

ဇန်န၀ါရီ လ ၁၈ ရက်နေ့  မှာ ကျရောက် မယ့် ထိုင်း တပ် မတော်နေ့  မတိုင် ခင် အာဏာ သိမ်း
နိုင်တယ် ဆို တဲ့ သတင်း ထွက် ပေါ် မှု တွေ ကို ထိုင်း စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အို ချန်း က ငြင်းပယ် လိုက် ပါတယ်။

အိမ်စောင့် အစိုးရ ၀န်ကြီး ချုပ် ယင်လပ် ရှင်နာဝါထရာ က ဖေဖော်ဝါရီ လ ၂ ရက်နေ့  မှာ ရွေးကောက်
ပွဲ ကျင်း ပမယ် လို့  စီစဉ် ထား ပေမယ့် အတိုက် အခံ တွေ က ရှေ့ သီတင်း ပတ် တနင်္လာ နေ့  က
စပြီး ဘန်ကောက် မြို့  ရဲ့  လမ်းတွေ ကို ပိတ် ပြီး ဆန္ဒ ပြ မယ့် Bangkok Shutdown အစီအစဉ်
မစတင် ခင် မှာ အာဏာ သိမ်းမယ့် သတင်း တွေ ထွက် ပေါ် နေတာ ဖြစ် ပါတယ်။

ထိုင်း စစ်တပ် က ဗိုလ်ချုပ်ကြီး နှစ်ဦး ဟာ ဒီမိုကရတ် ပါတီ က နေ ဦးဆောင် လှုပ်ရှား နေတဲ့ ယင်
လပ် အစိုးရ ဆန့်  ကျင် ဆန္ဒ ပြရေး ဦးဆောင် အဖွဲ့  ဖြစ်တဲ့ People’s Democratic Reform Committee
ကို ထောက်ခံ နေတယ်လို့  ပွေ့ ထိုင်း ပါတီ က စွပ် ဆွဲ ထား ပါတယ်။

ရှပ်နီ လို့  လူသိများ တဲ့ UDD ခေါင်း ဆောင် ဂျတုပွန် က ထိုင်း စစ်တပ် က လက်နက်ကြီး တွေ ၊ တင့်ကား
တွေ ၊ ဘန်ကောက် ကို ပို့  ဆောင်နေတာ ဟာ ရှေ့  သီတင်း ပတ် မှာ ကျင်း ပမယ့် လမ်းပိတ် ဆို့  ဆန္ဒပြ ပွဲ
တွေ  အတွက် လား ၊ အာဏာ သိမ်းဖို့  လား ဆိုတာ ကို ရှင်းရှင်းလင်းလင်း ပြော ဖို့  မေးခွန်းထုတ်ထား
ပါတယ်။

ဆန္ဒပြ မှု တွေ ကို ဦးဆောင် နေတဲ့ ဒီမိုကရတ် ပါတီ က ဒုဝန်ကြီး ချုပ် ဟောင်း ဆူသပ် သောင်ဆူဗန် က
ဖေဖော်ဝါရီ လ ၂ ရက်နေ့  ကျင်း ပမယ့် ရွေးကောက် ပွဲ ကို သပိတ် မှောက် ပြီး လမ်းတွေ ပိတ် ဆို့  ဆန္ဒ
ပြ ဖို့  ကိုသာ တွင်တွင် ပြော နေ ပါတယ်။

ထိုင်း စစ်ဗိုလ်ချုပ်ကြီး ကတော့ ပြည်သူတွေ ကို မစိုးရိမ်ပါ နဲ့  အာဏာ သိမ်းဖို့  ဆိုတာ ယုတ္တိ မရှိ ပါဘူး
လို့  ဆို ပါတယ်။