ဟောလိဝုဒ် နိုင်ငံခြား သတင်းထောက်များ အသင်းမှ နှစ်စဉ် ကျင်းပ သည့် ရုပ်ရှင် ထူးချွန်ဆု တစ်ခု
ဖြစ်သည့် ရွှေကမ္ဘာလုံး ဆုပေးပွဲ အား အကြိမ် ၇၀ မြောက် အဖြစ် ယနေ့  ကာလီဖိုးနီးယား ပြည်နယ်
ဘီဗာလီဟေး တွင် ကျင်းပ ရာ ကျွန်ဘ၀ မှာ ၁၂ နှစ်ကြာ (12 Years a slave) ဇာတ်ကား က အကောင်း
ဆုံး ဒရာမာ ဇာတ်ကား ဆု ရရှိသွား ပါတယ်။
ဒီဇာတ်ကား ကို ၂၀၁၃ ခုနှစ် ရဲ့  အကောာင်းဆုံး ဇာတ်ကား အဖြစ် FNG က ဒီဇင်ဘာလ မှာ ရွေးချယ်
ခဲ့ ပါတယ်။
12 Years a slave မှာ နယူးယောက် ပြည်နယ် အရှေ့  ပိုင်းတွင် လွတ်လပ်သည့် လူမည်း တစ်ဦး ဖြစ်သည့်
ဆော်လမွန် နော့သပ်ကို ဖမ်းဆီးပြီး ကျွန် အဖြစ် ပြန်လည် ရောင်းစား ကာ နှိပ်စက် ညှင်းပန်း ခြင်း ခံရပုံ ကို ရုပ်ရှင် အဖြစ်
ပြန်လည် တင်ဆက် ထားသည့် ဗြိတိသျှ ဒါရိုက်တာ စတိဗ် မက်ကွင်း ၏ ရုပ်ရှင် ကား ဖြစ်သည်။
ထိုဇာတ်ကား ကို ဒီဒီ ဂါဒနာ နှင့် ဘရက်ပစ် တို့  က ထုတ်လုပ် ထား ပြီး ဘရက်ပစ် ကိုယ်တိုင်
ပါဝင် သရုပ်ဆောင်ထား သည်။ ၁၂ နှစ် တာ ကျွန်ဘ၀ တွင် နေ ခဲ့ ရသည့်Solomon Northup
၏ ကိုယ်တိုင်ရေး အထ္ထုပတ္တိ ကို ရှောင်ပန်း နှင့် ဂျနီဖာ လိုပက်(ဇ) တို့  ပါဝင်သည့် U Turn
ကို ဇာတ်ညွှန်း ရေး ခဲ့သည့် ဂျွန် ရစ်ဒလေ က ဇာတ် ညွှန်းခွဲ ခြင်း ဖြစ်သည်။
ဆော်လမွန် နော့သပ် အဖြစ် ချီဝီတယ် အီဂျီယို ဖော် က သရုပ်ဆောင်သည်။ Hunger, Shame
ဇာတ်ကားများ ကို ရိုက်ကူး ခဲ့သည့် ဗြိတိသျှ ဒါရိုက်တာ စတိဗ် မက်ကွင်း က ရိုက် ကူးထားသည်။
မနှစ် က Silver Lining Play Book နဲ့  အော်စကာ ဆု ရရှိထား တဲ့ မင်းသမီး ဂျနီဖာ လော့ရင့်(စ)
ကတော့ ဒီနှစ် မှာ American Hustle နဲ့  အကောင်းဆုံး ဇာတ် ပို့  မင်းသမီး ဆု ကို ရှိပါတယ်။
မင်းသား လီယို နာဒို ဒီကာ ပရီယို ကတော့ ဒါရိုက်တာ မင်တက်စကော့ဆက်ဆေး ရဲ့  Wolf of Wall
Street မှာ ဝေါလ်စထရီ စတော့ ရှယ်ယာ ပွဲစား ဂျော်ဒန် ဘရက်ဖို့  ဒ် အဖြစ် သရုပ်ဆောင်ပြီး
အကောင်းဆုံး မင်းသား ဆု ဆွတ်ခူး ရရှိ သွား ပါတယ်။ ပါတီတွေ ပေး သုံးသုံး ဖြုန်းဖြုန်း နဲ့  ရေပေါ်ဆီ
စတိုင် သရုပ် ဆောင် မှု ဒီနှစ် ထဲ မှာ ရုပ်ရှင် ကား နှစ် ခု မှာ သရုပ်ဆောင်ခဲ့ ပေမယ့် ပရိသတ် အချို့ က
တော့ The Great Gatsby မှာ ဂတ်(စ)ဘီ အဖြစ် သရုပ်ဆောင် တာ ပိုကြိုက် ကြတယ် လို့  ဆိုပါတယ်။
အကောင်းဆုံး မင်းသမီးဆု ကို Blue Jasmine ဇာတ်ကား မှာ သရုပ်ဆောင် တဲ့ မင်းသမီး ကိတ် ဘလွန်
ရှေး က ရရှိ ပါတယ်။
အကောင်းဆုံး အန်နီမေးရှင်းဖန်တီးမှု မှာ DESPICABLE ME 2 လည်း လျှာထားခံရ ပေမယ့် ဝေါလ်
ဒစ္စနေ ရဲ့  Frozen က ရရှိသွား ပါတယ်။
ဒါရိုက်တာ ၀ူဒီ အယ်လင် က တော့ တစ်သက်တာ အနုပညာ စွမ်းဆောင်မှု ဆု ကို ရရှိ ပါတယ်။ ဒီဆုပေး
ပွဲ ကို ဘီဗာလီ ဟီလ်တန် ဟိုတယ် မှာ ကျင်း ပတာ ဖြစ်ပါတယ်။




MOTION PICTURES
Best Actress in a Motion Picture, Drama: Cate Blanchett, Blue Jasmine
Best Actor in a Motion Picture, Drama: Matthew McConaughey, Dallas Buyer’s Club
Best Actress in a Motion Picture, Comedy or Musical: Amy Adams, American Hustle
Best Actor in a Motion Picture, Comedy or Musical: Leonardo DiCaprio, Wolf of Wall Street
Best Supporting Actress, Motion Picture: Jennifer Lawrence, American Hustle
Best Supporting Actor, Motion Picture: Jared Leto, Dallas Buyer’s Club
Best Director, Motion Picture: Alfonso Cuaron, Gravity
Best Motion Picture, Musical or Comedy: American Hustle
Best Motion Picture, Drama: 12 Years a Slave
Best Original Score, Motion Picture: Alex Ebert, All is Lost
Best Original Song, Motion Picture: Ordinary Love, Mandela: Long Walk to Freedom
Best Screenplay, Motion Picture: Spike Jonze, Her
Best Animated Feature Film: Frozen
TELEVISION:
Best Actress, TV Series, Comedy or Musical: Amy Poehler, Parks & Recreation
Best Actor in a TV Series, Comedy or Musical: Andy Samberg, Brooklyn 99
Best Actress in a TV Series, Drama: Robin Wright, House of Cards
Best Actor in a TV Series, Drama: Bryan Cranston, Breaking Bad
Best TV Series, Drama: Breaking Bad
Best TV Series, Comedy: Brooklyn 99
Best Supporting Actress in a TV Series, Miniseries, Motion Picture Made for Television: Jacqueline Bisset, Dancing on the Edge
Best TV Mini-Series or Movie: Behind the Candelabra






