ကချင်ပြည်နယ် ဗန်းမော် ခရိုင် အတွင်း ရှိ နမ့်လင်းပါ နှင့် မုဒိန်းပါ ကျေးရွာ များ မှ ရွှေ့ပြောင်း
ဒုက္ခသည် စခန်းများ ၊ စာသင်ကျောင်း များ ၊ ဒုက္ခသည် ဆန် ဂိုဒေါင် များ ၊ ခရစ် ယာန် ဘုရား
ကျောင်း များ ကို ဇန်န၀ါရီ လ ၁ ရက် မှ ၁၀ ရက်နေ့  အတွင်း မြန်မာ စစ်တပ် က ၀င်ရောက်
ကာ ဖျက်ဆီး လုယက် သွား သည်။
၂၀၁၃ ခုနှစ် နှောင်းပိုင်း က ဗန်းမော် မြို့  နယ် အတွင်း စစ်တပ် မှ ၀င်ရောက် မှု ကြောင့် ဒုက္ခ
သည် များ ထောင် နှင့် ချီ ၍ နမ့်လင်းပါ ကို ထွက် ပြေးလာ ခဲ့ ပြီး နောက် မြန်မာ စစ်တပ် က
ထို စခန်းများ သို့  ယခု နှစ် ဆန်း တွင် ၀င်ရောက် ဖျက် ဆီးခြင်း ဖြစ်သည်။
စခန်း ၏ ခရစ်ယာန် ဘုရားကျောင်း မှ သင်းအုပ် ဆရာ တစ်ဦး က ဇန်န၀ါရီလ ၁ ရက်နေ့ 
ညမှာ ၀င်လာ တာ သူတို့  လို ချင်တာ ယူပြီး မလို ချင် တာ ဖျက်ဆီး သွားတယ် ဟု FNG ကို
ပြောသည်။
ဓာတ်ပုံ – ခွန်ဂျာ














