မြောက် အမေရိက နိုင်ငံတကာ မော် တော် ကား ပြ ပွဲ လို့  လူသိများ တဲ့ အမေရိကန် နိုင်ငံ
ဒက်ထရွိုက် မော်တော် ကား ပြ ပွဲ မှာ နိုင်ငံ တကာ က မော် တော် ကား ကုမ္ပဏီ ၇၀ ကျော်
ပါဝင် ပြသခဲ့ ပါတယ်။ ဒီပွဲ မှာ မော်တာ် ကား ကုမ္ပဏီ တွေ ရဲ့  နောင် မှာ ထုတ် လုပ် မယ့်
မော် တော် ကား ဒီဇိုင်း တွေ ကို အမှာ စာ တွေ ရှိတာ ကြောင့် မော်တော် ကား ထုတ်လုပ်
သူတွေ ဟာ ၂၀၁၄ မှာ လက်မ ထောင် နိုင်မယ် လို့  မော်တော် ကား မဂ္ဂဇင်း ဖြစ်တဲ့ အော်
တို မိုဘိုင်း(လ) က ရေး ပါတယ်။
မာစီးဒီး C Class နဲ့  E Class မော်တော် ကား တွေ လူကြိုက်များ သလို ၊ Acura ရဲ့  ၂၀၁၅
မှာ ထုတ်ဝေမယ့် NSX မော်တော် ကား ကို လည်း ဒီပွဲ မှာ ပြသခဲ့ရာ ပရိသတ် တိုးမပေါက်
အောင်ရှိ ခဲ့ ပါတယ်။
အဆိုတော် ကယ်လီရိုလန် က သူရဲ့  ဖျော်ဖြေမှု နဲ့  မာစီးဒီ C Class ကို ကြော် ငြာခဲ့ ပါတယ်။




















