ဂါနာ မှာ မွေးဖွား တဲ့ ရဟန်းအမတ်ကြီး ပီတာ တာခ်ဆန် က ဆွစ်ဇာလန် နိုင်ငံ ဒါဗိုစ် မှာ ကျင်းပတဲ့
World Economic Forum မှာ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ရဲ့  သ၀ဏ်လွှာ ကို ဖတ်ကြားရာ
မှာ ” ချမ်းသာ တဲ့ သူတွေ ဟာ ဆင်းရဲသား တွေ ကို စောင့် ရှောက် ဖို့  ၊ အကူအညီပေး ဖို့  လို တယ်
လို့  ပုပ်ရဟန်း မင်းကြီး” က တိုက်တွန်းထား ပါတယ်။
ကမ္ဘာ တစ်ခြမ်း မှာ အစားအသောက် တွေ ပို နေ လို့  လွှတ်ပစ်ရတဲ့ အချိန် မှာ ကျန်တဲ့ ကမ္ဘာ့ နေရာ
အချို့  မှာ တော့ အစားအသောက် အတွက် ပင်ပန်းစွာ ရုန်းကန် နေရတယ် လို့  ရဟန်းမင်းကြီး ရဲ့  စာ
ကို ဘုန်းတော်ကြီး ပီတာ က ဖတ်ကြား သွား ပါတယ်။
” နိုင်ငံ ရေး နဲ့  စီးပွားရေး စိတ်နေစိတ်ထား သစ်” a new “political and business mentality”
ကို ဖန်တီး ပြီး ကူရာမဲ့ ကယ်ရာမဲ့ ဖြစ်နေတဲ့ ဆင်းရဲသား တွေ ကို ကမ္ဘာ့ ခေါင်းဆောင် တွေ ၊ သူဌေး
တွေ က အကူ အညီ ပေး ဖို့  လိုကြောင်း ပုပ်ရဟန်းမင်းကြီး က သူ့ စာ ထဲ မှာ တိုက်တွန်းထား ပါတယ်။
မတ်လ ၂၇ ရက်နေ့  မှာ အမေရိကန် သမ္မတ ဘာရက် အိုဘားမား က လည်း ပုပ်ရဟန်းမင်းကြီး နဲ့  ဗာ
တီကန် မှာ တွေ့  ဆုံပြီး ဆင်းရဲမွဲတေ မှု တိုက်ဖျက် ရေး ကို ဆွေးနွေး ကြမှာ ဖြစ် ပါတယ်။
မနေ့  က တော့ Oxfam ဈေးကွက်လေ့လာရေး က လူ ၈၅ ယောက် ရဲ့  ချမ်းသာ ကြွယ်ဝမှု ဟာ ကမ္ဘာ့ 
လူဦးရေ တစ်ဝက် ရဲ့  ကြွယ်ဝ မှု နဲ့  ညီမျှ တယ် လို့  ဆို ပါတယ်။
ပုပ်ရဟန်း မင်းကြီး ဟာ ကမ္ဘာ့ လူဦးရေ ၁.၂ ဘီလျှံ ကိုးကွယ် တဲ့ ရိုမန် ကတ်သလစ် ဘာသာ ရဲ့  အကြီး
အကဲ လည်း ဖြစ် ပါတယ်။


One thought on “ဆင်းရဲသားများ နဲ့  ကူရာမဲ့ များ ကို စောင့်ရှောက်ဖို့  ပုပ်ရဟန်းမင်းကြီး တိုက်တွန်း”
Comments are closed.