ထိုင်း နိုင်ငံ မှာ အရေးပေါ် အခြေအနေ ကြေငြာ

ထိုင်း နိုင်ငံ မှာ အရေး ပေါ် အခြေအနေ ကြေငြာ ပြီး ပေမယ့်  တင်းမာ မှု တွေ ဆက်လက်
ဖြစ်ပွား နေရာ ယနေ့   ဥဒေါင်း ဌာနီ က ရှပ်နီ ခေါင်းဆောင် Kwanchai Praipana လုပ်
ကံ တဲ့ ပစ်ခတ် မှု ဖြစ်ပွား ပြီး ကွမ်ချိုင်း ကို ဆေးရုံ မှာ အရေး ပေါ် လူနာ အနေနဲ့  ကုသခံ
နေရ တယ် လို့  ရုပ်သံ ၃ က ထုတ်လွှင့် သွား ပါတယ်။

ဒီနေ့ မနက် မှာ စတင် အသက် ၀င်မယ့် အရေး ပေါ် အခြေအနေ ဟာ ရက်ပေါင်း ၆၀ အထိ
အကျုံးဝင်မယ် လို့  အရေးပေါ် လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ် Paradon Patthanathubut
က CNN ကို ပြောပါတယ်။

အရေးပေါ် လုံခြုံရေး အခြေ အနေအရ တရားရုံး က ခွင့် ပြု စရာ မလို ဘဲ ဖမ်းဆီးနိုင်သလို ၊
မီဒီယာ တွေ ကို ဆင်ဆာ ဖြတ်တောက် နိုင်ခွင့်၊  သွားလာခွင့် ၊ လူစု ခွင့် တွေ ကို  ကန့် သတ်
ထိမ်းချုပ် နိုင်မှာ ဖြစ်တာ ကြောင့် ဘန်ကောက် မှာ နေတဲ့ မြန်မာ အများစု ကို လည်း အရေးပေါ်
အခြေအနေ ကြေငြာ တာ နဲ ပတ်သက် ပြီး တိုက် တွန်း သတိပေး မှု တွေ လုပ် နေတယ်
လို့  ဘန်ကောက် မှာ ရှိ တဲ့ မြန်မာ အဖွဲ့  အစည်း တွေ က FNG ကို ပြောပါတယ်။

ဘန်ကောက် မြို့  ကို ပိတ်ဆို့  မယ့် လှုပ်ရှား မှု စတင် အပြီး မှာ ပဲ ဘန်ကောက် မှာ ဗုံးကွဲတာ
တွေ ၊ ချောင်းမြောင်း ပစ်ခတ် တာ တွေ ၊ သွေးထွက်သံယို ပဋိပက္ခ တွေ ဖြစ် ပွား ခဲ့ တာ
ကြောင့် သေဆုံး ဒဏ်ရာ ရမှု တွေ ရှိ နေ ပါတယ်။

ဒီနေ့  ည ရှစ် နာရီ မှ ယင် လပ် နှုတ်ထွက် မပေး ဘူး ဆိုရင် Students and People Network for
Thailand’s Reform (STR) နဲ့  Aero Thai က ထိုင်း စတော့ အိပ်ချိန်း ကို ပိတ်ဆို့  ပြီး
ဆန္ဒ ပြမယ် လို့  ဆို ပါတယ်။

Thai, State of Emergency, Bangkok, Yingluck

One thought on “ထိုင်း နိုင်ငံ မှာ အရေးပေါ် အခြေအနေ ကြေငြာ

Comments are closed.