အသံပိုင်း ဆိုင်ရာ အင်ဂျင်နီယာ အတတ် ပညာ အထူးဖန်တီးမှု ၊ လှပ သော ဒီဇိုင်း
အရောင် တို့  ဖြင့် Head Phone နှင့် Ear Phone ထုတ်လုပ်သည့် Beats ကုမ္ပဏီ က
အင်တာနက် ဂီတ ရေဒီယို ၀န်ဆောင်မှု ကို ဇန်န၀ါရီလ ၂၁ ရက်နေ့  တွင် စတင် လိုက်
သည်။
၇ ရက်တာ အခမဲ့ နားထောင် နိုင် ပြီး နောက်ပိုင်း သောတ ဆင်လို မှု များ အတွက်
တစ်လလျှင် ၉.၉၉ ဒေါ်လာ ကျသင့် သည် ဟု Beats Music မှ အရောင်းမြှင့်တင်ရေး
တာဝန် ခံ ကတ်နက် ကောလ်ဗင် က FNG ကို ပြောသည်။
Pandora, iTune Radio, Jango တို့  နှင့် ကွဲပြားသည့် အချက် မှာ Beats တွင် မိမိ
နှစ် သက် သည့် သီချင်း ကို offline mode လုပ်ထား ပြီး နောက် အင်တာနက် ဆက်
သွယ်စရာ မလို ဘဲ နားထောင် နိုင်သည်။
AT & T တယ်လီဖုန်း လိုင်း သုံးသူ များ အတွက် တစ်လ အခမဲ့ နားထောင် နိုင် ပြီး
မိသားစု ၀င် ငါးဦအတွက် တစ်လလျှင် ၁၄.၉၅ ဒေါ်လာသာ ကျသင့် မည် ဖြစ်သည်။
Beats Music ကို ၂၀၁၂ ခုနှစ် က တည်း က Daisy အမည် ဖြင့် code name ပေး
ကာ စတင် ခဲ့ ခြင်း ဖြစ်သည်။ Beats တွင် သီချင်း ပေါင်း နှစ်သန်း ကျော် ရှိ ရာ မိမိနှစ်
သက် သည့် ဂီတ အမျိုးအစား နှင့် အဆိုတော် ကို ရွေးချယ် နိုင်သည်။
၂၀၀၈ ခုနှစ် တွင် Head Phone စတင် ထုတ်လုပ် ခဲ့သည့် Beats သည် ဒုတိယ မြောက်
စွန့် ဦးတီထွင် မှု အနေဖြင့် အင်တာနက် ရေဒီယို လုပ် ငန်း ကို ၀င်ရောက်ခြင်း ဖြစ်သည်။




i kike it