ကိုယ်ပိုင် မေတ္တာ ၊ မလိခ ချစ်သူ ၊ ရွှေ့ချဉ် ငွေချဉ် တန်း ပါလို့  ၊ ပုံပမာ ဇာတ်ကား များ တွင် သရုပ်
ဆောင်ခဲ့သည့် မင်းသမီး ကြီး ခင်ယုမေသည် ယမန် နေ့  ည ကိုးနာရီ အချိန် က အသက် ၇၇
နှစ် အရွယ် တွင် ကွယ်လွန် ခဲ့သည် ဟု သူမ ၏ လုပ်ဖော် ကိုင် ဖက် တစ်ဦး က FNG သို့  ပြောသည်။
ကိုယ်ပိုင် မေတ္တာ (၁၉၆၁) ၊ ရွှေ ချည် ငွေ ချည် တန်း ပါ လို့  (၁၉၇၅) ခုနှစ် ဇာတ်ကားများ ဖြင့်
အကယ်ဒမီ ရုပ်ရှင် ထူး ချွန် ဆု ရရှိခဲ့သည်။ ဂျပန် နိုင်ငံ တွင် ရုပ်ရှင် ပညာ သင်ယူ ပြီး ပြန်
လည် ရောက် ရှိ လာသည့် မင်းသား ကျော် ဆွေ ဒါရိုက်တာ အဖြစ် ရိုက်ကူးသည့် ပုလဲ
မျက်ရည် ၊ ပုံပမာ ဇာတ်ကား များ တွင် ကျော်ဆွေ နှင့် အတူ သရုပ် ဆောင်ခဲ့ ရာ ခင် ယု
မေသည် လျှမ်းလျှမ်းတောက် ကျော် ကြား လာခဲ့ သည်။
ခင်ယုမေသည် ပါလီမန် ဒီမိုကရေစီ ခောတ်မှ သည် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခောတ် ၊
စစ်အစိုးရ ခောတ် အထိ ခောတ် သုံး ဆက် သရုပ် ဆောင်ခဲ့သည့် ထင်ရှား သော အနု ပညာရှင်
တစ်ဦး လည်း ဖြစ်သည်။
ခင်ယုမေ နှင့် လုပ်ဖော် ကိုင်ဖက် တစ်ဦး က ၁၉၆၇ ခုနှစ် တရုတ်-ဗမာ အရေးအခင်း မှာ ပေါ့
ခင် ယုမေ ကို တရုတ် ကွန်မြူနစ် အစိုးရ ရဲ့  သူလျှို ဆို ပြီး သူ့  ကို မလို သူ တွေ က သတင်း
လွှင့် ကြတာ ပေါ့ ဒါမေယ့် မယု ကို ပရိသတ် အားပေး မှု လျှော့ မသွား ခဲ့ ဘူး ဟု FNG ကို
ပြောသည်။
ခင်ယုမေ ကို ၁၉၃၇ ခုနှစ် မတ်လ ၂၃ ရက်နေ့ တွင် ရန်ကုန် မြို့  ဉ် အဖ ဦးယုစွမ် ၊ အမိ ဒေါ်ကြင်
မြိုင် တို့  မှ ဖွား မြင်ခဲ့သည်။ ညီမ ဖြစ်သူ ခင်ယုဆွေ သည် လည်း အဆို တော် ဖြစ်သည်။
၁၉၅၄ ခုနှစ် တေးသီချင်း များ ကို စတင် သီဆို ခဲ့ ပြီး ၁၉၅၈ ခုနှစ် တွင် အသက် ဇာတ်ကားဖြင့်
ရုပ်ရှင် နယ် ထဲ သို့  ၀င်ရောက်ခဲ့သည်။
၁၉၈၆ ခုနှစ် တွင် လည်ချောင်း ကင်ဆာ ရောဂါ ဝေဒနာ ဖြစ် ပေါ် ပြီး နိုင်ငံ ခြား တိုင်း ပြည် များ
တွင် ဓာတ်ကင် ကုထုံး ဖြင့် ကုသခံရာ တွင် သက်သာ လာ ပြီး နောက် သရုပ်ဆောင် လုပ်ငန်း
ကို ဆက် လက် လုပ် ကိုင် ခဲ့သည်။
ခင်ယုမေ ၏ ရွှေ ခဲ နှင့် ရိုင်းတဲ့စင်ယော် သီချင်းများ မှာ လူကြိုက်များ သည်။
This news is produced by Lucent Broadcasting System in Santa Monica, CA


One thought on “ရုပ်ရှင်မင်းသမီးကြီး ခင်ယုမေ အသက် ၇၇ နှစ် အရွယ်မှာ ကွယ်လွန်”
Comments are closed.