ယူကရိန်းနိုင်ငံ ကီးယက်ဗ် မြို့  လယ် က အစိုးရ ဆန့် ကျင် ဆန္ဒ ပြသူ တွေ ရဲ့  သပိတ်
စခန်း ကို ရဲ က ၀င်ရောက် ဖြိုခွဲ သိမ်းပိုက် ရာမှာ အပြန် အလှန် ပစ်ခတ် မှု တွေ ဖြစ် ပွား
ခဲ့ ပြီး ဒီနေ့ တစ်ရက် တည်းမှာ တင် ၁၀၀ ကျော် သေဆုံး ခဲ့ ပါတယ်။
ဗစ်တာ ယာနူကိုဗစ်ရှ် ကို ထောက်ခံတဲ့ လုံခြုံရေး တပ် ဖွဲ့  တွေ က လက် ဖြောင့် သေနတ်
တွေ ကို ပါ အသုံး ပြု တယ် လို့  အတိုက်အခံ တွေ က ပြော ပါတယ်။
မြို့  လယ် ခေါင်မှာ တော့ မီးတွေ လောင် ကျွမ်းနေတာ ရယ် ၊ ပစ်ခတ် မှု တွေ ကြောင့်
ကမ္ဘာ ပျက်သလို ဆူညံ နေတယ်လို့  ကိယဗ် မြို့  ခံ တစ်ဦး က Fox သတင်းဌာန ကို
ပြောပါတယ်။
ဗုဒ္ဓဟူးနေ့  က သမ္မတ ဗစ်တာ ယာကူနိုဗစ်ရှ် နဲ့  အတိုက်အခံ ဗစ်တာလီ ကီရှီကို တွေ့ ဆုံ
အပြီး အတိုက်အခံ တွေ ကို ပစ်ခတ် တာမလုပ် တော့ ပါ ဘူး လို့  ပြောပြီး နောက်မှာ
ပစ်ခတ် မှု တွေ ဆက် ဖြစ် ပွားခဲ့ တာ ဖြစ် ပါတယ်။
ဥရောပ သမဂ္ဂ ကတော့ ယူကရိန်း နိုင်ငံ ကို စီးပွားရေး ပိတ်ဆို့  မှု နဲ့  ခရီးသွားလာမှု
ကန့် သတ် တဲ့ ဥပဒေ ကို ပြဌာန်းလိုက် ပါပြီ။
ယူကရိန်း ပြည်ထဲရေး ၀န်ကြီး က ဆန္ဒပြသူ တွေ ဓါးစာခံ အဖြစ် ဖမ်းထား တဲ့ ရဲ ၇၀
ကို ၀င်ရောက်ကယ် ဆယ် ရာ ကနေ ပစ်ခတ် မှု တွေ ဖြစ် ပွား တာ လို့ ပြောပါတယ်။
ဂျာမဏီ ၊ ပြင်သစ် နဲ့  ဖင်လန် က နိုင်ငံ ခြားရေး ၀န်ကြီး တွေ လည်း ယူကရိန်း အတိုက်
အခံ တွေ နဲ့  တွေ့ ဖို့  ရှိ ပါတယ်။
အမေရိကန် သမ္မတ အိုဘားမား က ပြည်သူ တွေ ရဲ့  ငြိမ်းချမ်းစွာ ဆန္ဒ ပြ ခွင့် ကို လေးစား
ဖို့  လို ကြောင်း ၊ ပစ်ခတ် မှု တွေ ကို ရပ် ဖို့  ပြော ပါတယ်။
အင်္ဂါနေ့  က ၂၈ ဦးသေဆုံး ပြီးနောက် မှာ ဒီနေ့  ၁၀၀ ကျော် ထပ်မံ သေဆုံးခဲ့ တာ ဖြစ် ပါတယ်။
Overnight clashes between anti-government protesters and police in Independence Square. Photograph: ITAR-TASS/Barcroft Media
Anti-government protesters man barricades. Photograph: Jeff J Mitchell/ Getty Images Smoke hangs over Independence square. Photograph: Jeff J Mitchell/ Getty Images
Protesters build barricades while others continue their stand-off with police. Photograph: Jeff J Mitchell/ Getty Images
Protesters stand behind burning barricades. Photograph: Bulent Kilic/ AFP/Getty Images
Protesters pick their way through burning barricades. Photograph: Bulent Kilic/ AFP/Getty Images
Protesters rally round the monument to the founders of Kiev in Independence Square. Photograph: Jeff J Mitchell/ Getty Images

A demonstrator stands on the balcony of a burnt-out building overlooking the square. Photograph: Bulent Kilic/ AFP/Getty Images
