ပါလက်စတိုင်း ကလေး ငယ်တွေ အတွက် ကုလ သမဂ္ဂ က နေ ဖွင့်လှစ် ပေးထား တဲ့ ရာဖာ ဒေသ က
ကုလ ကျောင်း ကို အစ္စရေး လေတပ် က ပစ်မှတ် ထား တိုက်ခိုက် မှု မှာ ဗုံးထိမှန် ခဲ့ တဲ့ အတွက် အနည်း
ဆုံး ဆယ် ဦး သေဆုံး ပြီး ၃၅ ယောက် ဒဏ် ရာ ရရှိ ခဲ့ ပါတယ်။
အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီး ဌာန က အစ္စရေး ရဲ့  ကုလ ကျောင်း တိုက် ခိုက်မှု ကို ရှုံ့  ချ ကန့် ကွက်
လိုက် ပြီး ကုလ သမဂ္ဂ အထွေထွေ အတွင်း ရေး မှုး ချုပ် ဘန်ကီမွန်း ကတော့ ” အခု တိုက်ခိုက် ခံ ရ မှု
ဟာ စစ်ရာဇ၀တ် မှု ဖြစ်တယ် လို့  ရှုံ့ ချ ကန့် ကွက် ခဲ့ ပါတယ်။
ကျောင်းထဲ မှာ နဲ့  ကျောင်း ၀င်း ထဲ မှာ ပါလက် စတိုင်း ဒုက္ခသည် ၃၀၀၀ လောက် ခိုလှုံ နေတာ လည်း
ဖြစ် ပါတယ်။
သီတင်း လေးပတ် ကျော် ကြာ အစ္စရေး ရဲ့  ထိုးစစ် အတွင်း လူ လေးထောင် လောက် သေဆုံး ခဲ့ ပြီး
အများစု က တော့ အရပ် သား တွေ ဖြစ် ပါတယ်။
ဇွန်လ ဆန်း တုန်း က လည်း အစ္စရေး စစ်တပ် က ကုလ ကျောင်း တစ်ခု ကို တိုက်ခိုက် ခဲ့ ပါသေးတယ်။
Gaza, Israel, U.N. School, Palestine, UNRAW
