အင်ဒိုနီးရှား နိုင်ငံ မှ စင်္ကာပူ နိုင်ငံ ခရီးစဉ် သို့  ပျံ သန်း ထွက် ခွာသွား သည့် Air Asia
လေကြောင်း ခရီးစဉ် ၏ ပျံ သန်းမှု အမှတ် QZ ၈၅၀၁ သည် ဂျာကာတာ လေကြောင်းထိမ်း
သိမ်းရေး မျှော် စင် နှင့် ယနေ့ နံနက် တွင် အဆက် အသွယ် ပြတ်တောက် သွား သည်
ဟု FNG မှ သတင်း ရရှိသည်။
Airbus A320-200 အမျိုးအစား လေယာဉ် သည် ဆူယားဘားယား လေဆိပ် မှ တနင်္ဂနွေ
နေ့ နံနက် ၅း၂၇ တွင် ထွက် ခွာ ပြီး နောက် စင်္ကာ ပူလေဆိပ် သို့  နံနက် ၈း၃၇ တွင်
ရောက်ရှိ ရမည် ဖြစ်သည်။
အင်ဒိုနီးရှား အစိုးရ က ခရီးသည်များ ၏ ကိုယ်ရေး လုံခြုံရေး လှို့ ဝှက်မှု အတွက် သတင်း
အတိ အကျ ကို မထုတ် ပြန်သေးသော်လည်း ခရီးသည် များ ၏ မိသားစု နှင့် ဆွေမျိုး များ
ကို အသိပေး ပြီး ဖြစ်သည် ဟု ပြောသည်။
လေယာဉ် ပေါ် ဉ် ခရီးသည် ၁၆၂ ဦး ပါပြီး ၁၄၉ မှာ အင်ဒိုနီးရှား မှ ဖြစ်သည်။
မလေးရှား လေကြောင်း လိုင်းမှ MH 370 လေယာဉ် သည် မတ်လ အတွင်း က ပျောက်ဆုံး
ခဲ့ ရာ ယခု တိုင် ရှာမတွေ့  နိုင်သေးချေ။
Air Asia, Indonesia, Singapore, Flight 8501
