FNG ရန်ကုန် မြို့  က နိုင်ငံ ခြား ဒီဗီဒီ အရောင်း ဈေး ကွက် မှာ ဆိုနီ ရုပ်ရှင် ထုတ် လုပ် ရေး
ကနေ ထုတ်လုပ် ဖြန့် ချိ တဲ့ The Interview ရုပ်ရှင်ဇာတ်ကား ဒီဗီဒီ ခွေ ကို ရဲ တပ်
ဖွဲ့  က လိုက် လံ ဖမ်းဆီး နေတယ် လို့  FNG က သတင်း ရရှိ ပါတယ်။
ရန်ကုန် မြို့  မဟာဗန္တုလ လမ်း နဲ့  ပန်းဆိုးတန်း လမ်းတစ်လျှောက် က DVD အခွေ
ဆိုင် တွေ မှာ ပြီး ခဲ့ တဲ့ ရက် ပိုင်း က စ ပြီး The Interview ဒီဗီဒီ အခွေ ကို လူ ကြိုက် များ ပြီး
ရောင်မလောက် ဖြစ်ခဲ့ ရတာ ပါ။
အခုလို ဖမ်းဆီးတာ ဟာ မြန်မာ နိုင်ငံ ဆိုင်ရာ မြောက် ကိုရီးယား သံအမတ် ကြီး ကင်ဆိုလ်
ချုး က ရန်ကုန်တိုင်း ၀န်ကြီး ချုပ် ဦးမြင့် ဆွေ ကို တွေ့ ဆုံ ပြီး အခွေ ဆိုင် တွေ ကို ပိတ်ပစ်
ခိုင်းဖို့  ဖိအား ပေး တာကြောင့် လို့  ဒီဗီဒီ ဈေး ကွက် က ပြောပါတယ်။
ယခင် က စာရေးဆရာ ဟိန်းလတ် ရဲ့  မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံ အီ
အကြောင်းစာ အုပ် ကို မြောက်ကိုရီးယား သံရုံး က အိမ်ပေါ် ထိ လိုက်လံ သိမ်းဆည်းခဲ့
ဖူး ပါတယ်။
မြန်မာ သမ္မတ ဦးသိန်းစိန် ကို အမေရိကန် သမ္မတ အိုဘားမား က အိမ်ဖြူ တော် မှာ လက်ခံ
တွေ့ ဆုံ စဉ် တုန်း က ” မြောက်ကိုရီးယား နဲ့  ဘာမှ ပတ်ပတ်သက်သက် မလုပ်တော့ ပါဘူး
လို့  ” ဦးသိန်းစိန် က ပြော ခဲ့တာဟာ အခု The Interview ကား ကို လိုက်ဖမ်း ခိုင်းတာကြောင့်
ရယ်စရာ ဖြစ် နေ ပြီ လို့  ရန်ကုန် မြို့  က ရုပ်ရှင် ဒါရိုက်တာ တစ်ဦး က ပြောပါတယ်။
The Interview ဇာတ်ကား ကို ရောင်းချ တာ ကို ဖမ်းဆီးတာ တင် မဟုတ် ဘဲ လက်ဝယ်
တွေ့ ရှိ ရင် လည်း ဖမ်းမယ် လို့  ကျောက်တံတား ရဲ အရာ ရှိ တစ်ဦး က ပန်းဆိုးတန်း
အခွေ ဆိုင် တစ်ခု ကို ၀င်ရောက် ရှာဖွေ ချိန်မှာ ပြော သွား ခဲ့ ပါတယ်။
The Interview ဇာတ်ကား ကို ရုပ်ရှင် ရုံ တွေ မှာ လည်း ပြသခွင့် မပြု ပါဘူး။
မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံ အွန်း ကို The Interview ဆိုတဲ့ ရုပ်ရှင် ကား မှာ
သရော်လှောင် ပြောင် ထား ပြီး ဇာတ်ဝင် ခန်း အချို့  မှာ တော့ စကားပြော အစီအစဉ် တင်
ဆက် သူ သတင်း သမား နှစ် ယောက် ဟာ CIA အကူအညီ နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်
ကိုလုပ်ကြံ ဖို့  စီစဉ်ထား တာကြောင့် ဆိုနီ ရုပ်ရှင် ထုတ် လုပ် ရေး ကုမ္ပဏီ ကို မြောက်ကိုရီးယား
က ၂၀၁၄ ခုနှစ် နှောင်းပိုင်း မှာ ဆိုက်ဘာ တိုက်ခိုက်မှု ပြု လုပ် ခဲ့ ပါတယ်။
ဆိုနီ ရုပ်ရှင် ထုတ် လုပ် ရေး ဟာ ဒီရုပ်ရှင် ဇာတ်ကား ကို ဒေါ်လာ၄၄ သန်း အကုန် အကျ ခံ ပြီး
ထုတ် လုပ် ထား တာ ဖြစ် ပြီး အင်တာနက် က ပြသရာ ကနေ ဒေါ်လာ ၁၈ သန်း ကျော် ရရှိ ပြီး
ဖြစ်ပါတယ်။

