မန္တလေး မြို့  မှ ချီတက် လာသည့် သပိတ်မှောက် ကျောင်းသား များ သည် ယနေ့  နံနက် ပိုင်း
တွင် မြင်းခြံ မြို့  မှ ထွက်ခွာ လာရာ တောင်သာ မြို့  အ၀င် နန်းမြင့် တောင်ကြား တွင်
လက်နက် ကိုင် ရဲ တပ် ဖွဲ့  နှင့် အရပ်ဝတ် လူစိမ်းများ ၏ ပိတ် ဆို့  တား ဆီး မှု နှင့် ကြုံ
ကြိုက် ပြီး နောက် ပညာရေးဝန် ကြီး ဌာန မှ ဒေါက်တာ စိုးဝင်း ၏ ညှိုနှိုင်း ပေး မှု ဖြင့်
ဆက်လက် ထွက် ခွာ လာ ရာ ယနေ့  ည တွင် တောင်သာ မြို့  ကိုရောက်
ရှိသည်။
တောင်သာ မြို့  ဒေသခံ များ က သပိတ်မှော က် ကျောင်းသား များ ကို သောင်း
သောင်း ဖျ ဖျ ကြို ဆို ခဲ့ ကြ ပြီး ကျောင်းသား များ က မုံပင် ဘုန်းတော်ကြီး ကျောင်း
တွင် တစ်ည တာ တည်းခို မည် ဖြစ် ပြီး ယနေ့  နံနက် တွင် ရန်ကုန် မြို့  သို့  ဆက်
လက် ချီ တက် မည် ဖြစ်သည်။
အစိုးရ မှ တွေ့ ဆုံရန် ကမ်းလှမ်း မှု ကြောင့် သပိတ် မှောက် ကျောင်းသား များ ထဲ မှ
ကိုအောင်မှိုင်ဆန်း နှင့် ကို နန္ဓာ စစ်အောင် သည် သမ္မတ ရုံး ၀န်ကြီး ဦးမင်းအောင်
နှင့် ယနေ့  တွေ့ ဆုံ မည် ဖြစ်သည်။
နန်းမြင့် တောင်ကြား တွင် ရဲတပ် ဖွဲ့  နှင့် ပိတ် ဆို့ ထားသည့် အတားအဆီး များ ကို
မည် သူ က အမိန့် ပေးသလဲ ဆိုသည် ကို FNG က ဆက်လက် စုံစမ်း ဆဲ ဖြစ်သော်
လည်း ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွဲ့  ဖြိုး ရေး ပါတီ အကြီး အကဲ ဦးအောင်သောင်း
က သူ လုပ်တာ မဟုတ် ကြောင်း ဖြေကြား ခဲ့သည်။
တောင်သာ မြို့ ခံ များသည် ရဲတပ် ဖွဲ့  က တား မြစ် မှု ကြောင့် သပိတ်မှောက် ကျောင်း
သား များ အတွက် ထမင်း ထုပ် များ ကို တောလမ်း မှ ဖြတ် ၍ သယ်ဆောင် လာကာ
ကျောင်းသား များ ကို လည်း ရိက္ခာ ထောက်ပံ့ခဲ့သည်။
ဓာတ်ပုံ – မင်းသွေးသစ်
