အမေရိကန် ဘဏ္ဍာ ရေး ၀န်ကြီး စတိဗ် မနုချင် ရဲ့  တတိယ အကြိမ်မြောက် မင်္ဂလာ ဆောင် ကို ဒီနေ့  ၀ါရှင် တန် က Andrew W. Mellon ခန်းမ မှာ ကျင်း ပခဲ့ ရာ မ သမ္မတ ဒေါ်နယ် ထရမ့် ဇနီး မောင်နှံ ၊ ဒုတိယ သမ္မတ မိုက်ပန့်  (စ) တို့ ဇနီး မောင်နှံ နဲ့  သမ္မတ သမီး အပါ အ၀င် ကတ်ဘိနတ် ၀န်ကြီး တွေ လည်း တက်ရောက် ခဲ့ ပါတယ်။
Wonder Woman ရုပ်ရှင် ကား ကို ဦးစီး ထုတ်လုပ် သူ လည်း ဖြစ် ၊ ဘဏ် လုပ်ငန်း ရှင် ဟောင်း လည်း ဖြစ် တဲ့ စတိဗ် မနုချင် ဟာ အသက် ၅၄ နှစ် ရှိ ပြီ ဖြစ် ပြီး ဇနီး စကော့တရှ် ရုပ်ရှင် မင်းသမီး လူဝီ လင်တန် က
တော့ အသက် ၃၆ နှစ် ပါ။
မနုချင် ရဲ့  ဒုတိယ အိမ်ထောင် နဲ့  ကာလ မှာ လူဝီ ကို မာလီဘူး မှာ
ကျင်း ပတဲ့ မင်္ဂလာ ဆောင် မှာ တွေ့ ခဲ့ တာ ဖြစ် ပြီး နောက် နှစ် အနည်း
ငယ် အကြာ ၂၀၁၄ ခုနှစ် မှာ ဒုတိယ အိမ်ထောင် နဲ့  လမ်းခွဲ ပြီး လူဝီ နဲ့ 
ချစ်သူ တွေ ဖြစ်ခဲ့ ကြ ပါတယ်။
သူတို့  နှစ်ဦး ဟာ ဒုတိယ သမ္မတ မိုက်ပန့် ကို သက်သေထား ပြီး လက်
ထပ် ထိမ်း မြား ခဲ့ ကြ တာ ဖြစ်ပါတယ်။
လူဝီ လင်တန် က Cabin Fever နဲ့  CSI ရုပ်သံဇာတ်လမ်း တွဲ မှာ သ
ရုပ်ဆောင် ခဲ့ ဖူး ပါတယ်။
ဒေါ်နယ် ထရမ့် ဇနီး မယ်လီနီယာ က တော့ ဒီဇိုင်နာ Gilles Mendel ရဲ့  ပန်းရောင် ဖျော့  ဖျော့  အထည် ကို ၀တ် ဆင် ထားပါတယ်။
လူဝီ လင်တန် ဟာ မာလီဘူး က Peperdine တက္ကသိုလ် မှာ သတင်းစာ ပညာ နဲ့  West LA တက္ကသိုလ် မှာ သရုပ်ဆောင် ပညာ တို့  ကို သင်ယူ ခဲ့ ပါတယ်။








သမ္မတ ထရမ့် ၏ မော်တော်ကားတန်း ၀န်
ကြီး မနုချင် ၏ မင်္ဂလာ ဆောင်သို့  ရောက်ရှီ လာစဉ်
Photos Credit – Daily Mail and ABC News
