ကျွန်မြူနစ် သမ္မတ နီကိုလစ် မာဒူရို ကို ဖြုတ် ချ ချင် တဲ့ ဒီမိုကရေစီ လှုပ်ရှားသူ တစ်ဦး က မြို့  တော် ကာရာကတ်(စ) က ဗဟိုတရား ရုံး ပေါ် ကို ဟယ်လီ ကော်ပတာ ပျံ ၀ဲ ပြီး လက်ပစ်ဗုံး နှစ် လုံး ကြဲ ချခဲ့ ပါတယ်။
မာဒူရို အစိုးရ ကတော့ လက်ပစ်ဗုံး တွေ မပေါက် ဘူး လို့  ပြော ပါတယ်။
လက်ပစ်ဗုံး ကြဲချ သူ က ယခင် ဗင်နီဇွဲလား ထောက်လှမ်းရေး အရာရှိ
ဟောင်း Oscar Pérez ဆိုသူ ဖြစ်ပါတယ်။

သူက ရဲ တပ် ဖွဲ့  ဟယ်လီကော်ပတာ ကို ရယူ ပြီး ဗုံး မကြဲ ခင် မှာ ဗင်နီးဇွဲလား ပြည်သူ တွေ ကို မာဒူရို အစိုးရ ကို တော်လှန် ကြ ဖို့  ဗီဒီိယို အစီအစဉ် ကို တွစ်တာ မှာ တင် ပြီး ဆော်သြခဲ့ ပါတယ်။
အော်စကာ ပီရက်(ဇ) ရဲ့  ဗီဒီယို မှာ မျက်နှာဖုံး စွပ် ထား တဲ့သေနတ်သမား
လေးဦး လည်း ပါဝင်နေ ပြီး မာဒူရို ကို တော်လှန် တဲ့ အင်အားစု တွေ မှာ လက်နက် တွေ ရောက် နေ ပြီ ဆို တဲ့ အဓိပ္ပာယ် ကြောင့် ဗင်နီဇွဲလား အစိုးရ အရာ ရှိ တွေ အတော်ပင် တုန်လှုပ် ခြောက်ခြား နေတယ် လို့  ဆိုပါတယ်။
ဧပြီ လ ကတည်း က စတဲ့ ဗင်နီးဇွဲလား ပြည်သူ တွေ ရဲ့  မာဒူရို ဆန့် ကျင် အုံကြွ မှု မှာ လူ ၈၀ ကျော် လောက် သေဆုံး ပြီး ဖြစ်ပါတယ်။
ဗင်နီဇွဲလား လက်နက် ကိုင် တပ် ဖွဲ့  ၀င်တွေ ထဲ မှာ မာဒူရို ကို မနှစ် မြို့ ပဲ
ပြောင်းလဲ ချင် သူ တွေ ရှိ တာ ဒီအဖြစ်က သက်သေပဲ လို့  ဆို ပါတယ်။
