ဇွန်လ ၃၀ ရက်နေ့ မှာ ကျ ရောက်မယ့်သမ္မတ သက်တမ်း တစ်နှစ် ပြည့် ပွဲ ကို မင်ဒါနာအို ကျွန်း က မာရာဝီ မြို့  မှာ ကျင်း ပ မယ် လို့  ဖိလစ်ပိုင် သမ္မတ ဒူတာတေး က ပြော လိုက်ပါတယ်။
သူကိုယ်တိုင် လည်း မာဇင်း မှာ မွေးဖွား ခဲ့ တဲ့ မင်ဒါနာအိုရန်း တစ်ယောက်
ဖြစ် ပြီး အသက် ၇၂ နှစ် အရွယ် ရှိ တဲ့ ရော်ဒီဂို ဒူတာတေး ဟာ IS နဲ့  အဘူဆေယက်(ဖ) အဖွဲ့  တွေ ကို မာရာဝီ မြို့  နဲ့  မင်ဒါ နာ အို ကျွန်းမှာ အခြေစိုက် တာ ကို မေလ ၂၂ ရက်နေ့  ကတည်း က အလုံး အရင်း နဲ့  တိုက်ခိုက်
နေခဲ့ တာ ဖြစ်ပါတယ်။
အခုတော့ မာရာဝီ တစ်မြို့ လုံး နီး ပါး ကို ထိမ်းချုပ် နိုင်ခဲ့ ပြီ ဖြစ် ပြီး မင်ဒါနာအို ကျွန်း က နေ လည်း IS တွေ ကို တိုက်ထုတ် နိုင် တော့ မှာ ဖြစ်ပါတယ်။

ဒူတာတေး ရဲ့  အကြမ်းဖက် သမား ချေ မှုန်း ရေး စစ်ပွဲ ကို အမေရိကန် က လည်း ကူညီ သလို တရုတ် က လည်း ဒေါ်လာ ရှစ်သန်း ဖိုး ရှိ စစ်လက် နက် ပစ္စည်း တွေ ကူညီ ခဲ့ ပါတယ်။
ဖိလစ်ပိုင် ရဲ့  မင်ဒါနာ အို စစ်ဆင်ရေး မှာ အကြမ်းဖက် သမား ၃၀၀ ကျော် ကို ချေ မှုန်း နိုင် ခဲ့ ပြီး အရပ်သား ၁၀၀ နီးပါး လောက် သေဆုံး ခဲ့ ပါတယ်။
ဒူတာတေး က မော်တီ အုပ်စု မာရ၀ီ မြို့  ကို သိမ်းထား တာ လက်လွှတ် ဆုံးရှုံး ခဲ့ ပြီ လို့  ပြော ပြီး IS ဖိလစ်ပိုင် ခေါင်းဆောင် Isnilon Hapilon ကို လက်ရ ဖမ်းမိထား တယ်လို့  လဲ မနီလာ က လာတဲ့ သတင်း တွေ မှာ ဆိုပါတယ်။
