မြန်မာ စစ်တပ် က အရာရှိ ကြီး အချို့  နဲ့  NLD အစိုးရ အဖွဲ့  မနေ့  က တွေ့  ပြီး နောက် မှာ ၀န်ကြီးချုပ် ဖြိုးမင်းသိန်း မဆိုင်းမတွ လုပ်ရမယ့် အချက် သုံး ချက် ပါဝင်နေ ပါတယ်။
ပထမ နဲ့  အရေးကြီးဆုံး အချက် ကတော့ တောင်းပန် ဖို့  ဖြစ် ပြီး စစ်တပ် က အစိုးရ ကို ဖိအားပေး ရာမှာ ချက် ခြင်း နှုတ် ထွက် ပေး ဖို့  ဖြစ် ပေမယ့်
ဒေါ်အောင်ဆန်းစုကြည် က ကြားဝင် ညှို နှိုင်းပေး လို့  တောင်းပန် ဖို့  နဲ့  ကျန် တဲ့ အရေးကြီး အချက် နှစ် ချက် ပါဝင် တယ်လို့  သိရ ပါတယ်။
FNG ကတော့ သီးသန့်  အတည် ပြု လို့  မရ ပေမယ့် ၀န်ကြီးချုပ် ဖြိုးမင်းသိန်း ဘက်က မတောင်း ပန် နိုင် ဘူးလို့  ဆို တဲ့ အပြော မျိုး ထွက် လာတာ
ကြောင့် သူ့  ရဲ့ ဝန်ကြီးချုပ် ရာထူး ဟာ နိဌိတံ နိုင်ပါတယ်။
တစ်ခါ မှာ လည်း စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် ကို ထောက်ခံ သူ တွေ က ရန်ကုန် နဲ့  မန္တလေး မှာ အလုံးအရင်း နဲ့  ဆန္ဒ ပြ ပြီး ၀န်ကြီးချုပ် ဖြိုး မင်းသိန်း ကို နှုတ်ထွက် ဖို့  တောင်းဆိုမယ် လို့  သိရ ပါ
တယ်။
ရန်ကုန် အခြေစိုက် သံတမန် တစ်ဦး ကတော့ မြန်မာ စစ်တပ် က ၀န်ကြီးချုပ် ဖြိုးမင်းသိန်း ကို ရာထူး မှ ဖယ်ရှားလို တဲ့ ဆန္ဒ ရှိနေ တယ်လို့  FNG ကို ပြောပါတယ်။

ဆက်စပ် သတင်း (လွတ်လပ် သော အာရှ အသံ မှ)
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်သားအုပ်ချုပ်ရေးစနစ် တက်လာပေမယ့် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ပရိုတိုကောအရဆိုရင် ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲရှိတယ်လို့ ပြော ကြားခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ ဦးဖြိုးမင်းသိန်းကို လိုအပ်သလို စိစစ်အရေးယူပေးဖို့ တပ်မတော်က တိုင်ကြားထားတာ ဖြစ်ပါတယ်။
တပ်မတော်ဘက်က ဦးဖြိုးမင်းသိန်းဟာ အစိုးရနဲ့ တပ်မတော်၊ တိုင်းရင်းသားပြည်သူလူထုနဲ့ တပ်မတော်ကြား ရေ ရှည်ဆက်ဆံရေးကို အခက်အခဲဖြစ်လာစေနိုင်သူတစ်ဦး ဖြစ်စေတယ်လို့လည်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

