ရှေ့ တန်းရောက်တုန်း မိန်းမ ကို ခြေတော်တင် တဲ့ အရာရှိ ကိုပစ်သတ်

စစ်ကိုင်းတိုင်း မုံရွာမြို့ က အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှာ ပစ်ခတ်မှု တစ်ခု မနေ့ က အင်္ဂါ နေ့  မှာ ဖြစ်ပွား ခဲ့ပြီး ဗိုလ်မှုး အဆင့်ရှိသူ တစ်ဦး သေဆုံးခဲ့တယ်လို့ FNG က သိရပါတယ်.

ကချင်ပြည်နယ် တိုက်ပွဲ မှာ ဒဏ်ရာရ ပြီးပြန်လာတဲ့ ဒုတပ်ကြပ် ချစ်ခိုင် က သူ့ ရဲ့ ဇနီး ဖြစ်သူ ကို တစ်ခါထက် မနည်း သားမယား ပြုကျင့်ခဲ့ တဲ့ ဗိုလ်မှုး လှိုင်ဝင်းထွေး ကို ပစ်သတ် ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်မှုး လှိုင်ဝင်းထွေး ဟာ အိမ်ထောင် ရှိသူ တစ်ဦး ဖြစ်ပြီး သူ့ ဇနီး က တော့ရန်ကုန် ကို ခဏ ပြန်သွား ချိန်မှာ တပ်ကြပ် ချစ်ခိုင် ရဲ့ ဇနီး ကို သားမယား ကျင့်ခဲ့ တာလို့  သိရပါတယ်။

မတ်လ ၂၇ ရက် နဲ့ ဧပြီ လ ၁၀ ရက် အတွင်း မုံရွာ မြို့  စစ်အာဏာရှင်ဆန့် ကျင်ရေး သပိတ်တွေ ကို ဗိုလ်မှုး လှိုင်ဝင်းထွေး က ဦးဆောင် က ပစ်သစ် ဖြိုခွဲတာတွေ လုပ်ပြီး ပြန်လာရင် အရက် ကို မူးအောင် သောက်လေ့ရှိသူဖြစ်ကာ အမည်း လုပ်ပေးပြီး အဝတ်တွေ ကို လျှော်ဖွတ် ပေးတဲ့ တပ်ကြပ် ချစ်ခိုင် ရဲ့ ဇနီး ကို သားမယား ပြုကျင့် တာလို့  သိရပါတယ်။

ကချင် ေ ဒသ ကို အေ ရးပေါ် စစ်ကူ လိုက်သွားရပြီး မျက်စေ့ နဲ့ လက် မှာ မိုင်းထိ ပြီးပြန် ရောက်လာ တဲ့ဘတပ်ကြပ် ချစ်ခိုင် ဟာ တပ်တွင်းက သူ့မိတ်ဆွေ တစ်ဦး ပြောပြတာ ကြောင့် သူ့ မိန်းမ ရဲ့ အဖြစ်အပျက် ကို သိရကာ ဒေါသမထိမ်း နိုင်ပဲ တပ်ရင်းမှုး ကို ပစ်သတ် ခဲ့တာ လို့  FNG ကို အမည်မဖော်လို တဲ့ တပ်တွင်း နေတစ်ယောက် က ပြောပြပါတယ်။

အခုတော့ တပ်ကြပ် ချစ်ခိုင် နဲ့ အခြားနှစ်ဦး ကိုဖမ်းဆီးထားပြီး တပ်ကြပ် ချစ်ခိုင်ရဲ့ ဇနီး ကို စစ်ဆေး မေးမြန်းနေပါတယ်။

တပ်ကြပ် ချစ်ခိုင် ရဲ့ မိန်းမ ဟာ ဗိုလ်မှုး လှိုင်ဝင်းထွေး နဲ့ အရင်ကတည်း က ငြိစွန်း ခဲ့တာ တွေရှိတယ် လို့  တပ်ထဲက တစ် ချို့  ပြောပေမယ့် FNG က အတည်ပြု လို့ မရပါ။

နောက်တစ်ခု က တော့ ဗိုလ်မှုး လှိုင်ဝင်းထွေး ဟာ ဗိုလ်သန်းရွှေ ရဲ့လက်ထက်က နေပြည်တော် တိုင်းမှုးဟောင်း ရဲ့ တူတော်စပ်သူ လို့ လဲ သိရပါတယ်။