ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဂျပန် စတဲ့ ဒေသတွင်းနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ နယ်နိမိတ်တွေကို စစ်အင်အား သုံးပြီးခြိမ်းခြောက် မူတွေရှိနေပေမယ့် တရုတ်နိုင်ငံဟာ ဘယ်လောက်ပဲ အင်အားကြီးကြီး ဘယ်တော့မှ ဗိုလ်ကျစိုးမိုးရေး ဝါဒကို ကျင့်သုံးမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါ တယ်။
ဟိုင်နန် ကျွန်းမှာ ပြုလုပ်တဲ့
ဘောအာ အာရှဖိုရမ်ရဲ့ မိန်းခွန်းမှာ တရုတ်သမ္မတ ရှီကျင်းပင် က ပြောလိုက်တာပါ။
တရုတ်အစိုးရက ယခင်ဝန်ကြီးချုပ် ဟောင်း ၀မ်ကျားပေါင် က သူ့ရဲ့ မိခင်နာရေး မှာ အမှတ်တရ လွမ်းဆွတ်သတိရစာ ကို တခုတ်လူမှု ကွန်ဖက်ဖြစ်တဲ့ We Chat မှာပြန်လည် ဖော်ပြတာကို ဆင်ဆာဖြတ်တောက်လိုက်ပါတယ်။
My Mother လို့အမည်ရတဲ့ ဒီစာစုကို မကာအို ကသတင်းစာ တစ်ခု မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဝမ်ကြားပေါင် ဟာ သူ့မိခင် စစ်အတွင်းက ရုန်းကန် ခဲ့ရတာကို ပြောင်းပြန် အောက်မေ့စွာရေးရင်း စာရဲ့ အဆုံးသတ်မှာ လက်ရှိ သမ္မတ ရှီကို သွယ်ဝိုက် ဝေဖန်ထား တာလို့ ယူဆတဲ့ အတွက် ဆင်ဆာ ဖြတ်တောက် ထားတာ ဖြစ်ပါတယ်။
