ကုလအထူးသံနဲ့ အာဆီယံ ခေါင်းဆောင် တွေ အထူးအစည်း အဝေးပြုလုပ်

ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံ အမတ်ကြီး Christine Schraner Burgener ဟာ အာဆီယံကထိပ်တန်း အရာရှိအချို့နဲ့ ဒီနေ့ အထူး အစည်း အဝေး တစ်ခုလုပ် ခဲ့တယ်လို့ ရိုက်တာ သတင်း မှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှား သံအမတ် ကလည်း မစ် ခရစ်စတင်းနဲ့ တွေ့ဆုံ ခဲ့ကြောင်း ကို အတည်ပြု ပါတယ်။

မြန်မာ ဘက်ကနေ တက်ရာက် မယ့် ကိုယ်စားလှယ် အင်ဒိုနီးရှား မရောက်ခင်မှာ ခရစ်စတင်း ကကြားဖြတ် ပြီးတော့ အာဆီယံနဲ့ တွေ့ဆုံခဲ့တာပါ။

ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံ အမတ်ကြီး ဟာ မြန်မာနိုင်ငံထဲကို ၀င်ရောက် ခွင့် ထောင်းထား ပေမယ့် မြန်မာစစ်တပ် ကငြင်းပယ်ထားပါတယ်။

မစ်ခရစ္စတင်း ကမြန်မာ့ အရေးကို ကုလလုံခြုံ ရေး ကောင်စီက ထိထိရောက်ရောက် ဖြေရှင်းဖို့ တိုက်တွန်း ထားသူတစ်ဦ: လည်း ဖြစ်ပါတယ်။