ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်း လုပ်ကွက် ကို KIA သိမ်းပိုက်

ကချင်ပြည် နယ် ဖားကန့် မြို့ အနီးရှိ ဝှေခါမှော် ကျောက်စိမ်းကျော ရှိရာ တွင် စခန်းချထား သည့် တမ်းမခ ၏ စစ်စခန်း တစ်ခုကို ကို ကချင်လွတ်မြောက် ရေးတပ်မတော် က ယနေ့နံနက် တွင် တိုက်ခိုက် သိမ်းပိုက် လိုက်သည်ဟု FNG ကသိရှိရသည်။

ဝှေခါမော် ကျောက်စိမ်း လုပ်ကွက်သည် ကချင်ပြည်နယ် တွင် အကြီးဆုံး ကျောက် စိမ်း လုပ်ကွက်များ ထဲမှ တစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် အရည်အသွေးရှိ သော ကျောက်စိမ်း များ ပိုမိုထွက်ရှိလာသည်။

ကချင် ပြည်နယ် တွင် အခြေစိုက်သည့် တပ်မ ၃၃ သည် ထိုကျောက်စိမ်း လုပ်ကွက်မှ ကျောက်စိမ်းများကို တရားမဝင် ခိုးထုတ်ရာ မှာဆက်ကြေး ရရှိသည်။

ယခင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ၏ ကျောက်စိမ်း ကုမ္ပဏီ လုပ်ကွက် တည်ရှိရာဖြစ်သည်။

၂၀၁၅ ခုနှစ် NLD အစိုးရ မဖွဲ့သေးခင် အချိန်ကာလတွင် အလွန် အကျွံ တူးဖော်မှုများ ကြောင့် မြေစာပြို ၍ လူဆေဆုံး မူများ ရှိခဲ့သည်။

KIA တပ်ရင်း၂၅ က တိုက်ခိုက် သိမ်းပိုက်ရာ တွင် စစ်ကောင်စီ စစ်သား အများအပြား သေဆုံး သည်ဟု သိရသည်။

ဓာတ်ပုံအဟောင်းအား အသုံးပြုထားခြင်းဖြစ်သည်