ကရင် အမျိုးသား အစည်းအရုံး KNU ၏ လက်နက်ကိုင် အဖွဲ့ ဖြစ်သည့် KNLA တပ်မဟာ ၅ က ယနေ့ သထုံ မြို့သိမ်း တိုက်ပွဲ၏ ပထမနေ့ အနေဖြင့် ကျိုက်ကော် ရင်းငြိမ် နှင့် ဇင်းကျိုက် တွင် အခြေစိုက် သည့် အာဏာသိမ်း စစ်ကောင် စီ ၏ တပ်စခန်းများ ကို အလစ် အငိုက် ဝင်ရောက် စီးနင်း တိုက်ခိုက် နိုင်သည် ဟုသိရသည်။
တိုက်ပွဲများ ကြောင့် သထုံ မုတ္တမ မော်လမြိုင် လမ်းပိုင်း များပိတ်ထား လိုက်သည် ဟု FNG မှ သတင်း ရရှိ သည်။

KNLA တပ်မဟာ ၅ ၏ တပ်ရင်း အချို့မှာ ဘီးလင်း နှင့် မြိုင်ကလေး တွင် ပါ စစ်တပ် နှင့် တိုက်ပွဲ ဖြစ်ပွား လျှက် ရှိသည် ဟုသိရသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး သထုံ မြို့သားများ ၏ ဆန္ဒပြပွဲကို စစ်တပ် က ပစ်ခတ် ဖြိုခွဲမည် ပြုရာမှ လိုက်ပါ စောင့်ရှောင်. ပေးသည့် KNLA တပ်များ က တုံ့ ပြန်တိုက် ခိုက်ခြင်း ဖြစ်သည်။
ဘီးလင်း မှစစ်ကူ လာသည့် ကားကို လည်း KNLA က ဟန့် တားနိုင်ခဲ့ သည်။
