ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာဒီနေ့ စနေနေ. နံနက်မှာ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့မှာ ကျင်းပမယ့် မြန်မာ့အရေး အရေးပေါ် အစည်း အဝေး တက်ဖို့ ရောက်ရှိနေပြီလို့ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ အတူ နိုင်ငံခြားရေးဝန်ကြီး၊ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နဲ့ သူ့ရဲ့ သမီးနဲ့ အကြံပေး ဖြစ်တဲ့ ခင်သီရိသက်မွန် တို့လည်း ပါရှိသွားတာ ဖြစ်ပါတယ်။
အာဆီယံ (အင်ဒိုနီးရှား စစ်တပ် နဲ့ မြန်မာ စစ်တပ်) သဘောတူညီ ချက်အရ အူဇီ သေနတ် တွေ ကိုင် ဆောင် တားတဲ့ မြန်မာစစ်တပ်က ကွန်မန်ဒို အသေခံတပ်သား နှစ်ဆယ် ကျော် ဗိုလ်ချုပ်မှူးကြီး နဲ့ အတူပါရှိသွား တာဖြစ်ပါတယ်။
တစ်ခါ ဘာလီကျွန်း ညကလပ် ဗုံးခွဲတိုက်ခိုက်မှု ကို ကိုင်တွယ်ခဲ့တဲ့ အခု ဂျကာတာ ရဲမူးကြီး ရဲ့ အထူးတပ်ရင်း ကပါ အာဆီယံ အစည်းအဝေး ကို ကျန်စစ်ပါ လက်နက်ကိုင် ရဲဝန်ထမ်း ၃၀၀ နဲ့ လုံခြုံရေး ယူပေးထား တယ်လို့ သိရပါတယ်။
အနောက် နိုင်ငံတွေက အာဆီယံ အစည်းအဝေး ရဲ့ ရလဒ်ကို စောင့်ကြည့် နေတာဖြစ်ပြီး အာဆီယံက မြန်မာနိုင်ငံ ရဲ့ ရလဒ် ကောင်း အထိရ အောင် ဖိအား ပေးနိုင်ဖို့ မျှော် လင့် နေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်းနဲ့ The Atlantic မဂ္ဂဇင်းတို့ကတော့ အာဆီယံ ဟာ မြန်မာ ပြည်သူတွေ ကို စစ်အစိုးရ လက်အောက် ကနေ ကယ်မယ် လို့ မထင်ကြောင်း သုံးသပ်ထားပါတယ်။
မြန်မာ့အရေး အာဆီယံထိပ်သီးဆွေးနွေးပွဲကို မကြာခင်မှာကျင်းပဖို့ ရှိတဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးအရှေ့မှာတော့ အင်ဒိုနီးရှားစစ်သားတွေ လုံခြုံရေးယူနေတာကိုတွေ့ရပါတယ်။
ဓာတ်ပုံ – BAY ISMOYO/AFP/Getty Images


(ထပ်မံရရှိတဲ့ သတင်းတွေကို ဒီနေရာမှာ ထပ်မံဖော် ပြမှာ ဖြစ်ပြီး စောင့်မျှော် ဖတ်ရှုမှု ကို ကျေးဇူး ထင်ပါတယ်)




