ပခုက္ကူ ခလရ ၂၃၅ အစုလိုက် အပြုံလိုက် ထွက်ပြေး

တပ်တွင်း ထက်အောက် ခွဲခြား ဖိနှိပ်မှု၊ တင်းကျပ် တဲ့ ဖိနှိပ်မှုတွေ နဲ့ နာမည် ကျော်ကြား တဲ့ ပခုက္ကူ အခြေစိုက် ခလ၇၂၃၅ တပ်ရင်းက တပ်ကြပ်ကြီး အဆင့်နှစ်ဦး နဲ့ တပ်သား ၂၀ ကျော်ဟာ သူတို့ရဲ့ မိသားစု တွေကိုပါ ခေါ်ဆောင် ပြီး တပ်ကနေ တိတ်တဆိတ် ထွက်ပြေး သွားတယ်လို့ FNG ကသိရပါတယ်။

ပြီးခဲ့တဲ့ သီတင်း တစ်ပတ် ကျော်က ဒီတပ်ရင်းက ဌာန ပခုက္ကူ ဆန္ဒပြပွဲ ကိုဖြိုခွဲခဲ့ရပြီး ကလေး နဲ့တမူး မြို့တွေက စစ်အာဏာရှင် ဆန့် ကျင် ရေး ဆန္ဒပြပွဲ တွေအတွက် လည်း သွားခဲ့ရတာ ဖြစ်ပါတယ်။

ပခုက္ကူ ကို ပြန်ရောက် လာတော့ သူတို့တပ် ရင်းမှူးက ရှေ့တစ်ပတ် မင်းတို့ကချင်ကို ရှေ့တန်း ထွက်ရမယ် ဆိုတာကြောင့် အခုလို ထွက်ပြေးကြ တာလို့ အမည် မဖော်လိုသူ တပ်တွင်း နေသူတစ်ဦး က FNG ကို ပြောပါတယ်။

ပခုက္ကူ က သတင်း တွေ အရ ဆိုရင် ထွက်ပြေးသူ တွေဟာ ရခိုင် တပ်သားတွေ ဖြစ်တာကြောင့် ရခိုင်တပ်မတော် ကို သွားရောက်ဖူးပေါင်းကြ တာလို့ပြော နေပေမယ့် FNG ကတော့ သူတို့နဲ့ တိုက်ရိုက်ဆက်သွယ်လို့မရ နိုင်တာ ကြောင့် အတည်ပြုလို့ မရ သေးပါဘူး။

ပခုက္ကူ အခြေစိုက် ခလ၇၂၃၅ တပ်ရင်း ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာကို လမ်းမီးတိုင်မှာ ကြိုးတုတ်ပြီး ရိုက်ခဲ့တဲ့ တပ်ရင်းဖြစ် ပြီး၊ ရိုဟင်ဂျာ တွေကို သက်ဖြတ်မှု နဲ့ ရခိုင်တိုက်ပွဲ တွေမှာ စစ်ကူ ပေးခဲ့ တဲ့တပ်ဖြစ် ပါတယ်။

တပ်ရင်းမှူး ဟာ ၂၀၀၀ ရွေးကောက်ပွဲမှာ သူ့တပ်သားတွေ NLD ကို မဲမပေး ဖို့ ခြိမ်းခြောက် ခဲ့ပြီး အင်တာနက်မှာ နိုင်ငံရေး အကြောင်း ရေးရင် သဲအိတ် ထမ်းပြီး ပြေးရမယ် လို့ပြော ခဲ့သူဖြစ်ပါတယ်။

ည ၈ နာရီ ကျော်ရင် တပ်ဆားတွေ ကိုတပ်ပြင် ထွက်ခွင့် မပေးတာတို့ တစ်ခါ တပ်ကြပ် တစ်ဦး ရဲ့ သမီး ဆယ်တန်း အောင်လို့ တက္ကသိုလ် တကိရဖို့ ပျော်ရွင်နေတာကို ” အဲဒါ တက္ကသိုလ် မဟုတ်ဘူး ဖာတန်း ” ဆိုပြီး ပခုက္ကူ တက္ကသိုလ် ကို ရည်ညွန်း ပြောခဲ့တယ် လို့ FNG ကသိရှိရ ပါတယ်။

အရင်က အခုလို အစုလိုက် အပြုံလိုက် တပ်ပြေးမူ တွေ ဟာ ရှေ့တန်း စခန်း တွေမှာသာ ရှိခဲ့ပြီး နောက်တန်း မှာခုလို ဒါဇင်နဲ့ ချီပြီး ထွက်ပြေး မှု ဟာ ပထမ ဆုံး အကြိမ် ဖြစ်ပါတယ်။