၂၀၀၆ ခုနှစ် ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ဆွန်သိ ဘွန်ညာရက်ဂလင်း ကို မြန်မာနိုင်ငံ အရေး ကြားဝင်စေ့စပ် သူ့အဖြစ် အာဆီယံ အဆိုပြုနိုင် တယ် လို့ ယနေ့ ဂျာကာတာ က အာဆီယံ အသိုင်း အဝိုင်း မှာ ပြောဆိုနေ ကြပါတယ်။

နောက်တစ်ယောက် သတင်းထွက် နေသူတစ် ဦးကတော့ အင်ဒိုနီးရှား သမ္မတ ဟောင်း မေဃ၀တီ ဆူကာနို ပူထရီဖြစ်ပါတယ်။ သူတို့ တွေကို ဘရူနိုင်း အင်ဒိုနီးရှား နဲ့ မလေးရှား တို့က အဆိုပြု တယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးစ လုံးဟာ မွတ်ဆလင် ဘာသာဝင် တွေဖြစ်ပြီး နှစ်ဦးစလုံးဟာ သူတို့နိုင်ငံတွေ နဲ့ ဒေသတွင်း မှာ လူလေးစားမှု ကိုခံရသူ တွေဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ဆွန်သိ ဘွန်ညာရက်ဂလင်း ကတော့ ၂၀၀၆ ခုနှစ် စက်တင်ဘာလ မှာ ထိုင်း ဝန်ကြီး ချုပ် သက်ဆင် ၍နာဝတ်ထရာကို ရာထူးက ဖယ်ရှား ပြီးအာဏာ သိမ်းခဲ့ သူဖြစ်ပါ တယ်။

အသက် ၇၄ နှစ် အရွယ် အင်ဒိုနီးရှား သမ္မတ ဟောင်း မေဃဝတီ ဆူကာနိုက တော့ အာဆီယံ ကို ပျိုးစေ့ချ ပေးခဲ့သူ အင်ဒိုနီးရှား လွတ်လပ် ရေး တိုက်ပွဲဝင် ခေါင်းဆောင် ဟောင်း နုံ့ ပထမဆုံး အင်ဒိုနီးရှား သမ္မတ ဆူကာနို ရဲ့သမီး ဖြစ်ပါတယ်။
မေဃ၀တီ ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ဖို့ သူသမ္မတ ဖြစ်ချိန် မှာ ခေတ်ဆြခဲ့ သူဖြစ်ပါတယ်။
လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်း ဘုရင် ရဲ့ အဆိုပြုချက် ၅ခုထဲ မှာ မြန်မာနိုင်ငံ အတွက် အာဆီယံ အထူး ကိုယ်စားလှယ် ထားရှိဖို့ အဆိုပြုထားပြီး မြန်မာဘက် ကလည်း သဘောတူ တယ်လို့ FNG ကသိရပါတယ်။
