အရက်သေစာ သောက်စား ထားပြီးကြမ်းတမ်းစွာဆဲဆို အမိန့် ပေးနေသည့် ဒုတပ်ကြပ် မောင်မောင်လွင် အား ရဲတပ်သား ဝင်းဘို က ပြန်လည် ပစ်ခတ် ခဲ့ရာ ဒဏ်ရာပြင်းထန် စွာရရှိသည် FNG မှသိရသည်။
ဒုတပ်ကြပ် မောင်မောင်လွင်သည် လမ်းသွားလမ်းလာ ကရင် အမျိုးသမီး ငယ်များကို နှမချင်း မစာနာ စ နောက် မှုများ လုပ် ခဲ့သည်ဟု သိရသည်။
ဒုတပ်ကြပ် မောင်မောင်လွင် ကို ပစ်ခတ် ခဲ့သည့် ရဲတပ်သား ဝင်းဘို ကို အခြား စစ်သား များက ဝိုင်းဝန်း ပစ်ခတ် ခဲ့သည်။
ဧပြီလ ၂၅ ရက် ညနေ သုံးနာရီခွဲ အချိန့်ခန်. တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့ ဇိနသုခဘုရားပရဝဏ်အတွင်းစစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ အချင်းများပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲတပ်သား (၁)ဦးသေဆုံးပြီး စစ်သား (၁) ဦး စိုးရိမ်ရအခြေအနေဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း Karen Information center KIC တွင်ဖော်ပြထားသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ စစ်တပ်မှ စစ်သားတစ်ဦး စိုးရိမ်ရ အခြေအနေဖြင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သလို ကျုံဒိုးနယ်မြေရဲစခန်းမှ ရဲတပ်သား ဝင်းဘိုမှာ ရင်ဘတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သောကြောင့် ၎င်းတို့နှစ်ဦးအား ကော့ကရိတ်မြို့ (စကခ-၁၂)တပ်ရင်းသို့ခေါ်ဆောင်သွားခဲ့ရာ ရဲတပ်သား ဝင်းဘိုမှာ ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့သိဟု သိရသည်။
ထပ်မံရရှိ ဆောသတင်း အရ ရဲတပ်သား ဝင်းမိုး ၏ အထက် အရာရှိ ဒုရဲအုပ် တစ်ဦး ကို စစ်တပ်က ဖမ်းဆီးထား သည်ဟု သိရသည်။
