ကိုရိုနာ ဗိုင်းရပ်(စ) ဂယက်ကြောင့် နိုင်ငံခြား ခရီးသွား ဝင်ရောက်လာမှု ထိုးကျသွားခြင်းသွားခြင်း၊ ညကလပ် နှင့် ဖျော်ဖြေရေး လုပ်ငန်းများ ရပ်တန့် သွားခြင်း တို့ကြောင့် ပြိုလဲမတတ် ဖြစ်နေသည့် တရားမဝင် မြန်မာ့ ပြည့်တန်ဆာ လုပ်ငန်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် မြန်မာစစ်တပ်က အာဏာသိမ်း ပြီးချိန်နောက်ပိုင်း မှ စ၍ ၁၀၀ ရာခိုင်နူန်း ပြန်လည် ဦးမော့ လာသည်ဟု FNG မှသိရသည်။
မြန်မာနိုင်ငံ တွင် ပြည့်တန်ဆာ နှင့် လိင်ဖျော်ဖြေရေး စျေးကွက်သည် တရားဝင် တည်ရှိနေခြင်း မဟုတ်သော် လည်း တစ်နှစ်လျှင် ကျပ်ငွေ တစ် ဘီလျှံ ကျော် ခန့် ဖြင့် လည်ပတ်နေသော စျေးကွက်ကြီး ဖြစ်ပြီး ၂၄ ခုမြောက် နိုင်ငံခြား ရှာဖွေ ပေးနိုင်သည့် လုပ်ငန်း ဖြစ်သည်။*
“၂၀၁၉ ခုနှစ် နှစ်ကုန် ထိ အလုပ်အရမ်း ကောင်းတယ်။ ကိုဗစ် မဖြစ်ခင် အထိပဲ၊ ကိုဗစ်စတော့ ဘယ် ဖောက်သည် မှမလာ တော့ဘူး ၊ အရင် ရက်ဂူလာ (ပုံမှန် ဖောက်သည်) တွေ ကို ဖုန်းခေါ်ပြီး ဒစ်စကောင် . ပေးမယ်ကမ်း လှမ်း တယ် တစ်ချို့ ဖုန်းမကိုင်ကြပါဘူး၊ တစ်ချို့က တော့ ဘလောက် လိုက်တယ်။ ကိုဗစ်ကို ကြောက်ကြလို့ တစ်ချို့ လည်း စီးပွား မကောင်းတာ ပါမယ်” လို့ ယုန်လေးလို . နာမည် လွှဲ ပေးထားတဲ့ နေပြည်တော် ကပြည်. တန်ဆာ တစ်ဦးက FNG ကိုပြောသည်။
မြန်မာနိုင်ငံ ရဲ့ ပြည့်တန်ဆာ ရွှေခေတ် ( The Golden Age of Prostitution in Myanmar) လို့တင်စား ခေါ်ဝေါ်ကြ တဲ့ ၂၀၁၂ ကနေ ၂၀၂၀ ခုနှစ်ထိ နှစ်နှစ်တာ ကာလတွင်း မှာ ဈေးကွက် အခေါ် အထက်လိုင်း လို့ ခေါ်သည့် ပြည့် တန်ဆာ များသည် ရံဖန်ရံခါ တွင် တစ်ည ဒါမှမဟုတ် သီတင်း တစ်ပတ် လောက် ဖြင့်ပင် ဒေါ်လာ ၅၀၀၀ ကျော် ထိထိ ရှာဖွေနိုင်ကြသည်။
” အထက် လိုင်း ပေါ့နော် နိုင်ငံခြားသားတွေ နဲ့ ဒီက ဘောစိ (ကြေးရတတ်) တွေ အတွက် သီးသန့် လေ ၊ မင်းသမီး ရှုံးလောက် အောင် ပြင်ထားကြ တာ၊ နိုင်ငံခြားသား ကိုဘယ်လို ပြုစုရမလဲ သူတို့ သိတယ်။ တစ်ခါတလေ ဘန်ကောက် တို့ ဘာလီတို့ထိ သူတို့ ဖောက်သည် က ပစ်ကနစ် ထွက်ရင် ခေါ်သွားကြ တာ ဒေါ်လာ ၅၀၀၀ လောက် အသာလေး ၀င်တယ်” လို့ ယုန်လေး က ပြောပါတယ်။ သူက ဆက်ပြီး ကိုရိုနာ ဖြစ် တော့ သူတို့ လည်း အပ်ထည် သိပ်မရတော့ ဘူး ဒါပေမယ့် သူတို့က တော့ ပုံမှန် အလုပ်ဖြစ်နေ သေးတယ် လို့ပြောပါ တယ်။

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ မြန်မာနိုင်ငံ တွင်းသို့ လှိမ့် ဝင်လာသည့် ကာလ များဖြစ်သည့် ဦးသိန်းစိန် အစိုးရ လက်ထက် တွင် အချို့ အမျိုးသမီး အချို့မှာ ပုံမှန် အလုပ်များကို စွန်းလွှတ် ကာ ငွေရလွယ်ပြီး မြိုးမြိုး မျက် မျက် ဝင်သည့် ပြည့်တန်ဆာ လောက ကို ကူးပြောင်း လာသူများ ရှိသည်။
တရားဝင် မဟုတ် သော မြန်မာ့ ပြည့်တန်ဆာ လောက အထွတ်အထိပ် ရောက် ချိန်တွင် NLD လွှတ်တော် အမတ် ဒေါ်စန္ဒာမင်း က ပြည့်တန်ဆာ များ အား ခွဲခြား ဆက်ဆံခြင်း မပြုရန် နှင့် တရားဝင် ဖြစ်စရန် တောင်းဆို တိုက်ပွဲ ဝင်ခဲ့ဖူး သည်။ နောက်တော့ အခြား NLD အမတ် အချို့က သူ့အဆို ကို ပယ်ချခဲ့သည်။
အပိုင်း ၂ ကို မနက်ဖြန် တွင် စောင့် မျှော် ဖတ်ရှုပါ။ ကျေးဇူး တင်ပါသည်။
* သူနှင့် မတိမ်း မတိမ်း မယိမ်း နိုင်ငံခြား ငွေရှာဖွေ ပေးနိုင် သည့် လုပ်ငန်း မြန်မာ့ရိုးရာ လက်မှု ထည်ဖြစ် သည့် ယွန်း ပစ္စည်း များ ရောင်းချခြင်း ဖြစ်သည်။
