KIA က ဗန်းမော် တက္ကသိုလ် ကို သိမ်းပိုက် နိုင်ခဲ့

ကချင် လွတ်မြောက် ရေးတပ်မတော် KIA ကဗန်းမော် မြို့ အနီးရှိ ဗန်းမော် တက္ကသိုလ် ကို နှစ်ရက် ကြာ အပြင်းအထန် ထိုးစစ်ဆင် ပြီးနောက် ယနေ့ သိမ်း ပိုက် နိုင်ခဲ့ သည်ဟု FNG မှသိရသည်။

ဗန်းမော် လေဆိပ် နှင့် ရွှေကြီးနား ဘုရား အနီးတွင်လည်း နှစ်ဖက် ပစ်ခတ် နေသည့် သေနတ် သံများ ကြားရသည် ဟု ဒေသခံ တစ်ဦးက ပြောသည်။

Freedom News Group မှ ဒီနေ့မနက် ရရှိသည့်သတင်း တစ်ခုမှာ ဖားကန်.တွင် တပ်စွဲထား သည့် မြန်မာစစ်တပ် ၏ တပ်ဖွဲ့ ၀င် အများအပြား လက်နက်များ ယူဆောင်ကာ ထွက်ပြေးကြ သည် ဟု သိရသည်။

မြန်မာ စစ်တပ်က ဗန်မော် မြို့ တွင်း တွင် မော်တော်ကား များကို ရပ်တန့် ရွာ ဖွေပြီး ငွေကြေး တောင်း ခံမှု လုပ်နေ သည် ဟု သိရသည်။

ယနေ့ နံနက် တွင် ဗန်းမော် လေဆိပ် အနီး စစ်ကား တစ်စီး မီးလောင် နေသည်ကို တွေ့ရသည် ဟု နာဖ်ဖာ မှ ပြည်သူများ က ဆိုရှယ်မီဒီယာ များတွင် ရေးသား ထားကြသည်။