မြန်မာ ဒုက္ခသည် တွေ တတိယ နိုင်ငံမှာ ခိုလှုံခွင့် ရဖို့ မသေချာ

မြန်မာနိုင်ငံ က ထပ်မံ ထွက်လာတဲ့ ဒုက္ခသည် တွေအတွက် အမေရိကန် အထူးအနေအထား တရပ်အနေ နဲ့ ထပ်မံ အပိုဆောင်း ပြီး ခေါ်မှာ မဟုတ်ဘူး လို့ ထိုင်း အခြေစိုက် ဒုက္ခ သည် အကူအညီ ပေးရေး အဖွဲ့ တစ်ခုကို ကိုးကားပြီး FNG ကသိရပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် လက်ထက် က ဒုက္ခသည် တွေ အမေရိကန် မှာ ရွှေ့ပြောင်း အခြေချနေထိုင် ရေးမူဝါဒကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပြီး ဘိုင်ဒင်လက်ထက်မှာ ဖြေလျှော့ ခဲ့ပေမယ့် မြန်မာ နိုင်ငံ နဲ့ ပတ်သက်တဲ့ ဒုက္ခသည် မူဝါဒက တော့ သမ္မတထရမ့် လက်ထက်က အတိုင်းဆက်ရှိ နေအုံးမယ်လို့ သိရပါတယ်။

မြန်မာစစ်တပ် က အာဏာ သိမ်းပြီး သုံးလနီးပါး ပြည့် လာတဲ့ အခါမှာ စစ်တပ်ရဲ့ အင်အား သုံး နှိပ်ကွပ်မှု တွေကြောင့် ဒုက္ခသည် ဦးရေ သိန်းနဲ့ ချီပြီး အိမ်နီးချင်း နိုင်ငံတွေ ကိုထွက် ပြေးခိုလှုံ. ခဲ့ကြရပါတယ်။

ဒီဒုက္ခသည် တွေအတွက် အမေရိကန် အစိုးရရဲ . လူသားချင်း စာနာထောက်ပဲ့ဟူအကူအညီ တွေဖြစ် တဲ့ ဆေးဝါး စားနပ် ရိက္ခာ တွေ စတင်ကူညီ မူတော့ ရှိနေပြီလို . သိရပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်က မြန်မာနိုင်ငံ ကဒုက္ခသည် တွေ တစ်နှစ် ကိုထောင် ဂဏန်း လောက်ပဲ လက်ခံခဲ့ရာမှာ ၂၀၁ ရကစလို့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို အများဆုံး လက်ခံ ခဲ့ပါတယ်။

အခုသမ္မတ ဘိုင်ဒင် လက်ထက် မှာလည်း ဒီအတိုင်းပဲ မူဝါဒမပြောင်း ထားရှိမှာဖြစ်ပါတယ်။