တပ်ရင်းမှူးပါ တောခိုသွားတဲ့ ဘီလင်း ခလရ ၈

မွန်ပြည်နယ် ကျိုက်ထို မြို့က တပ်မ ၄၄ လက်အောက်ခံ ခလရ ၈ က တပ်ရင်း မူး ဗိုလ်မှူး ခင်မောင်ကြည် ဟာ တပ်ကြပ်ကြီး တစ်ဦး တပ်သား ၆ ဦးတို့နဲ့ အတူ ဖာပွန် ဘက်ကို ထွက်ခွာကာ ကရင် အမျိုးသား အစည်း အရုံး KNU နဲ့ပူးပေါင်း မယ်လို့ သိရပါတယ်။

ဗိုလ်မှူး ခင်မောင်ကြည် ဟာ ၂၀၁၀ ခုနှစ် မှာ ရဲမွန် တပ်ရင်း ရဲ့ တပ်ရင်းမှူး တစ်ဦး ဖြစ်ပြီး တပ်တွင်း ပုန်ကန် မှု ပေါ်ပေါက် လာတဲ့ အခါ သူနဲ့ အခြားတပ်ရင်း မူး ခုနှစ်ဦး အဖမ်း ခံရပြီး နောက် သူတစ်ဦး တည်းသာ တပ်က ထုတ်ပယ်ခြင်း မခံရပဲ ဗိုလ်ကြီး ဘဝသို့ အဆင်နှိမ့် ဖြစ်ဒဏ် ချခြင်း ခံရ တာပြပါတယ်။

၂၀၁၉ ထိ ဆယ်နှစ်နီးပါး နေပြည်တော် မှာ ဗိုလ်ကြီး ဘ၀နဲ့ အလျာချခံရပြီး နောက် ၂၀၂၀ မှာ ဗိုလ်မှူးရာထူး ပြန်လည် တိုးမြှင့် ပေးပြီး နောက် ခလရ ၈ကို တပ်ရင်းမှူး တာဝန် နဲ့ စေလွှတ် ခံရသူ လို့ FNG ကသိရပါတယ်။

ဗိုလ်မှူး ခင်မောင်ကြည် နဲ့ နောက်လိုက် တွေဟာ မနေ့က ညနေမှာ ခလရ ၈ က နေ အောင်မြင်စွာ ထွက်ခွာ နိုင်ခဲ့ကြတာ ဖြပါတယ်။

ဗိုလ်မှူး ခင်မောင်ကြည် လိုပဲ ခမရ ၁၀၂ မုတ္တမ က တပ်သား အချို့ လည်း တပ်ကို စွန့်ခွာ ထွက်ပြေး တယ်လို့ သိရပါတယ်။