၉၃ ကြိမ်မြောက် အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာ အာရှတိုက်သား တရုတ် လူမျိုး အမျိုးသမီး Chloe Zoe က သူ့ရဲ့ တတိယ မြောက် ရုပ်ရှင် ဇာတ်ကားဖြစ် တဲ့ Nomad land ရုပ်ရှင် ဇာတ်ကားနဲ့ အကောင်း ဆုံး ဒါရိုက်တာ အဖြစ် အော်စကာ ဆု ကို ရရှိခဲ့ပါတယ်။
နီဗားဒါး ပြည်နယ် အင်ပါယာ မြို့က Drywall လို့ ခေါ်တဲ့ နံရံကပ် ထုံးချပ်ပြား စက်ရုံက လည်းပိတ် , ခင်ပွန်းလည်း ဆုံး သွားတဲ့ အခါ သူရဲ့ ဗန် မော်တော်ကား နဲ့ ခြေစက်တော် ဖြန့်ကာ ခြေဦးတည့်ရာဒေသ မှာ အလုပ်ရှာ ဖွေပြီး ဘ၀ကို ပေါ့ပေါ့ ပါးပါး နဲ့ ပဲ ရုန်းကန် တဲ့ အမျိုး သမီး တစ်ဦး ရဲ့ ဘဝ ကို ရေးဖွဲ့ ထားတာပါ။
ခလိုအီ ဇိုးရ် ဟာ ဒီဇာတ်ကားနဲ့ ပဲ အကောင်းဆုံး ဇာတ်ကားဆု ကိုဆွတ်ခူး ရရှိခဲ့ တယ်လို့ Freedom News Group ကသိရပါတယ်။
အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို တော့ ကိုရီးယား အမျိုးသမီး သရုပ်ဆောင် Yuh-Jung Youn က Minari ဇာတ်ကား နဲ့ ရရှိပါတယ်။
ပထမဦးဆုံး အော်စကာဆု ဆွတ်ခူးရရှိ တဲ့ အမျိုး သမီးဖြစ်ပါတယ်။
အကောင်းဆုံး ရုပ်ရှင် ဓာတ်ပုံ ဆုကိုတော့ ဒါရိုက်တာ ဒေးဗစ် ဖင်းရှား ရိုက်ကူး တဲ့ Mank ဇာတ်ကားက ရရှိပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားရဲ့ ရုပ်ရှင် ဓာတ်ပုံ ဆရာErik Messerschmidt ဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ်က နာမည်ကျော် Citizen Kane ရုပ်ရှင် ဇာတ်ကား ကို ထုတ်လုပ် စဉ်မှာ ယစ်ထုပ် ကြီး ဖြစ်နေတဲ့ ဇာတ်ညွှန်း ဆရာ ရဲ့ ဘ၀ ကို ရိုက်ကူး ထားတာ ဖြစ်ပါတယ်။
ဗြိတိသျှ မင်းသမီး ချော ကာရေး မူလီဂန် ရဲ့ Promising Young Woman က အကောင်း မူ့ ရင်း ဇာတ်ညွှန်း ဆု ကို ရရှိပါတယ်။
တရုတ် အစိုးရ ကတော့ သူ့နိုင် ငံထဲ မှာ Nomadland ပြသခွင်. ကိုပိတ် ပင်ထားပါ တယ်။
ဒေါက်တာ ဟန်နီဘော အဖြစ် သရုပ်ဆောင် ရင်း ပရိတ်သတ် စွဲလန်း ခဲ့တဲ့ မင်းသားကြီး အန်သော်နီ ဟောင်ကင်း က The Father ဇာတ်ကား နဲ့ အကောင်း ဆုံး မင်းသားဆု ကို ရရှိခဲ့ ပါတယ်။
ဓာတ်ပုံများ ကို Rotten Tomato နှင့် The Hollywood Reporter က ရယူပါသည်။




