စစ်ကူ ကား ကို တောင်ပေါ်က ကျောက်တုံး တွေ တွန်းချ ပြီး တိုက်ခိုက် လို့ စစ်သား ငါးဦး သေ

၁၈ ရာစုနှစ် ကျေးရွာ အဆင့် အနေအထား ဘ၀နဲ့ တောင် ဗြိတိသျှ တပ်တွေက သုံးကြိမ် တိုင်တိုင် စစ်ကူခေါ်ပြီး တိုက်ခိုက် ခဲ့ရတဲ့ မင်းတပ်ဟာ ဒီနေ့ တစ်ရက် တည်း တင် စစ်ကောင်စီ ရဲ့ အကြမ်း ဖက် စစ်သား ရှစ်ဦး ကို သတ် ဖြတ် နိုင်ခဲ့ပါ တယ်။

မနေ့က မင်းတပ် ပြည် သူတွေက စစ်တပ် က ဖမ်းဆီးသွား သူ ခြောက်ဦးကို ပြန်လွှတ် ပေးဖို့ တောင်းဆိုတာ ကို စစ်တပ်က ပြန်လည် ပစ်ခတ် ခဲ့ပါတယ်။ စစ်တပ် က ပြန်လည် ပစ်ခတ် နေတဲ့ ကြားကပဲ မင်းတပ် ပြည်သူတွေဟာ တို့ပြည်သူ တွေညီ ရဲ့လား ဟေ့ လို့ တိုင်ပြီး စစ်ကားကို ဝိုင်းစီးကြပါ တယ်။ ခဏ ကြာတော့ ပြည်သူ တစ်ယောက် လက်ထဲမှာ သေနတ် ရပြီး ပစ်ခတ် နေတဲ့ စစ်သား သုံးဦး ကို သုတ်သင် နိုင်ကာ စစ်ကား တစ်စီး ကို မီးရှို့ နိုင်ခဲ့ ပါတယ်။

နောက်တစ် နေ့ (ယနေ့) မှာတော့ မကွေးတိုင်း ကျောက်ထု ကနေ တက်လာတဲ့ စစ်ကား တွေကို မတူပီအဝင် မှာ ကာကွယ်ရေး တပ်က လမ်းမှာ တောင် ပေါ်က ကျောက်တုံး တွေ တွန်းချ ပြီး ချုံခိုတိုက် ခိုက် နိုင်ခဲ့ပါတယယ်။

ကာကွယ်ရေး တပ်ဖွဲ့က စစ်သား လေးဦးနဲ့ ရဲနှစ်ဦးကို ထပ်မံ ပစ်သတ် နိုင်ပြီး စစ်ကား နှစ်စီးကို မီးရှို့ နိုင်ခဲ့ပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ချင်းပြည်နယ် ပြည်သူ့ကာကွယ် ရေးတပ်က မြန်မာ စစ်ကောင်စီ ၁၅ ဦးကို သတ်ဖြတ် နိုင်ခဲ့တယ် လို့သိရပါ တယ်။

One thought on “စစ်ကူ ကား ကို တောင်ပေါ်က ကျောက်တုံး တွေ တွန်းချ ပြီး တိုက်ခိုက် လို့ စစ်သား ငါးဦး သေ

Comments are closed.