မြန်မာနိုင်ငံ တွင် ဖြစ်ပွားနေ သည့် ပြည်တွင်းစစ် သဏ္ဍန် မငြိမ် မသက် မှုများကို ကူညီဖြေရှင်း ပေးလိုသည် ဟု ရုရှား အစိုးရ ပြောရေး ဆိုခွင့် ရှိသူ Dmitry Peskov က ယနေ့ သတင်း ထောက်များ ကို ပြောသည်။
ပက်(စ) ကောဗ် က မြန်မာဟာ ရုရားရဲ့ မိတ်ဆွေကောင်း နိုင်ငံပါ။ မြန်မာနိုင်ငံ မှာ ခုလို အရပ်သားတွေ ရာနဲ့ချီပြီး သေဆုံးနေရတာဟာ စိုးရိမ်စရာ အလွန် ကောင်းတဲ့ အခြေအနေပါ။ ရုရှား နိုင်ငံ က ခုလို အရပ်သားတွေ သတ်ခံနေရ တာကို ပြင်းပြင်း ထန်ထန် ရှုံ့ချတယ် လို့ ပြောပါတယ်။
မြန်မာ စစ်တပ် နဲ့ ရုရှားနိုင်ငံ ဟာ ခိုင်မာတဲ့ စစ်ရေး ပူးပေါင်းမှု တွေရှိပြီး ရုရှားက မြန်မာ စစ်တပ် အတွက် အဓိက လက်နက် ရောင်းချ သူတစ်ဦး သာမက မြန်မာ စစ်တပ် က အရာရှိတွေကို သူတို့နိုင်ငံ မှာပါ ခေါ်ပြီး လေ့ကျင့် ပေးတာတွေ ပြုလုပ်တဲ့ နိုင်ငံဖြစ်ပါ တယ်။
အိမ်နီးချင်း တရုတ် အစိုးရက မြန်မာ စစ်တပ် ရဲ့ ရက်စက်ကြမ်းကြုတ် မူတွေအတွက် ဘာတစ်ခွန်း မှာ ဖြစ်တင် ပြောဆိုတာ မရှိပေ မယ့် ရုရှားက မြန်မာစစ် တပ်ရဲ့ လုပ်ရပ် တွေကို ခုလို ရှုံ့ချ လိုက်တာပါ။
ကုလလုံခြုံရေး ကောင်စီမှာ မြန်မာ့ အရေး နဲ့ပတ်သက်ပြီး ဗီတိုအာဏာ သုံးပြီး ကန့်ကွက် တာတွေရှိသလို အမေရိကန် နဲ့ ဥရောပ ရဲ့ မြန်မာ အပေါ် ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှု တွေကို ကန့်ကွက် တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
မြန်မာ စစ်တပ် က အာဏာ သိမ်းပြီးနောက်မှာ ပဲ ရုရှား ဆီက လက်နက် ဒေါ်လာ ၁၅သန်း ဖိုး ဝယ်ယူခဲ့ပါ တယ်။ မတ်လ ၂၇ ရက်နေ့မှာ ရုရှား ဒုကာကွယ် ရေး ဝန်ကြီးက မြန်မာ နိုင်ငံ ကို လာရောက် ခဲ့ပြီး တပ်မတော် နေ့ ကို တက်ရောက် ခဲ့ပါတယ်။
အစဉ်အလာ အားဖြင့် ကော့ ကရင်မလင် က မြန်မာ့ အရေးတွေမှာ ၀င်ရောက် ပြောဆို ခြင်း မရှိပါ။
