ခိုးဆိုး လုယက် ထားသည် များ အဝေမတည့် သဖြင့် အချင်းချင်း ပြန်လှန် ပစ်ခတ်

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်ဆည် မြို့နယ် မှာ တပ်စွဲ ထားတဲ့ ခလရ ၁၄၂ က တပ်သား နှစ်ဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ် က တန့်ဆည် မြို့လူထု ဆီကနေ ၎င်း တို့ လုယက် ထားတာ တွေ အဝေမတည့် ရင်း သေနတ် နဲ့ အပြန်အလှန် ပစ်ခတ် မှု မနေ့ ညက ဖြစ်ပွားခဲ့ ပါတယ်။

သူတို့ အချင်းချင်း အရက်သောက် ရင်း အဝေမတည့် ဖြစ်ကြရာ က နေ သေနတ် နဲ့ ထပစ်တာ တန့်ဆည် မြို့မ အားကစား ကွင်းထဲမှာ ဟု ဖြစ်တာဟု တန်. ဆည် ဒေသခံ တစ်ဦးက FNG ကို ပြောသည်။

သေတော့ မသေဘူး နှစ်ယောက် စလုံး ဒဏ်ရာနဲ့ ဆေးရုံမှာ ဟု သူက ဆက်ပြော သည်။

၎င်း စစ်သား နှစ် ယောက် သည် ယမန် နေ့ ညနေ ပိုင်း က ၎င်း တို့ လုယက် ထားသည့် လက်(ပ)တောပ် နှင့် တယ်လီဖုန်း များကို ဒလန် မှ တစ် ဆင့် ပြန်လည် ရောင်းချရာ မှ ရရှိသည့် ပိုက်ဆံ ကို အရက်ဖိုး အတွက် ဆုံးပြီး နောက် ညီတူ မျှတူ မခွဲနိုင်ပဲ အချင်းများရာမှ အပြန် အလှန် ပစ်ခတ် ကြခြင်း ဖြတ်သည်။