ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ သည့် မင်းတပ် လူမဲ့ သပိတ်တွင် ဦးဆောင် သူ ခြောက်ဦး ကိုရဲက ဖမ်းဆီးစဉ် မကြာခင် ပြန်လွှတ် ပေးမည် ဟု ကတိပေးကာ နောက်တစ်ရက် အထိပြန် မလွှတ်ရာမှ မင်းတပ်အုံကြွ မူကြီး ပ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။
ဧပြီလ ၂၇ ရက်နေ့
ယနေ့ည ၈ နာရီ
အမေရိကန် အစိုးရက မင်းတပ်မြို့အခြေအနေ ကိုစောင့် ကြည့်လျှက်ရှိ ၊ အင်တာနက် လိုင်းများဖြတ် တောက်ထား၊ အပစ်ရပ် ပျက်ပြယ်သွားပြီး နှစ်ဖက် ပြန်လည် ပစ်ခတ် မှုရှိသည် ဟု သိရ
ရန်ကုန် မြို့အခြေစိုက် နိုင်ငံခြား သံရုံးများမှ လည်း မင်းတပ် အခြေအနေ ကို စောင့်ကြည်နေ
မင်းတပ် မြို့ပေါ် ဒရုန်းများ ဝဲပျံနေ သည် ဟု ဒေသခံ တစ်ဦး က ပြောသည်။
မနေ့ည ၇ နာရီ
ညနေပိုင်းက မုံရွာအခြေစိုက် ဒုတိုင်းမူး မှ ကျောက်ထု မှ တပ်များအား မြို့တွင်း ၀င်ခွင့် ပေးရန် ပြည်သူ့ကာကွယ် ရေးတပ်များ အား တောင်းဆို ထားသော်လည်း မြို့မိမြို့ဖ များမှ ငြင်းပယ် လိုက်သည်။
ယနေ့ ညနေ ၆ နာရီ
မင်းတပ် မြို့ကို ဝိုင်းထားသော စစ်တပ်က မင်းတပ် အနီး ရှိ ကျေးရွာများ ကို ပစ်ခတ်မှုများ လုပ်သည် ဟု သိရသည်။
မင်းတပ်မြို့ကိုသိမ်းပိုက်ရန်စစ်ကောင်စီတပ်ဖွဲ့အင်အားအများအပြားဖြင့်လာရောက်တိုက်ခိုက်နေ
ချင်းပြည်နယ်မင်းတပ်မြို့နှင့်၁၂မိုင်အကွာထင်ချောင်းရွာတွင်ကလေး၊ဂန့်ဂေါ၊ပခုဣူဖက်မှလာသည့်စစ်ကောင်စီတပ်အင်အားအများအပြားနှင့်ဒေသခံပြည်သူများအကြားထိတွေ့ပစ်ခတ်မှုများပြင်းထန်ကာ ထင်ချောင်းရွာထဲသို့ စစ်ကောင်စီတပ်များက ဗုံးသီးများဖြင့်ပစ်ခတ်မူကြောင့်အိမ်တချို့မီးလောင်ကျွမ်းသွားကြောင်းမင်းတပ်မြို့တွင်နေထိုင်သူဒေသခံတချို့ထံမှသိရပါသည်။
ယနေ့မနက်ပြန်လည်စတင်လာသည့်စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့်ပြည်သူများအကြားပစ်ခတ်မူများသည်ယခုအချိန်တွင်မြို့အ၀င်အရှေ့ပြင်ရပ်ကွက်နားအထိရောက်လာသဖြင့်မြို့ပေါ်ရှိမိသားစုအများအပြားတိမ်းရှောင်နေကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့၀င်များ မင်းတပ်မြို့ပေါ်တွင်အခိုင်အမာတပ်စွဲနိုင်ရေးအတွက်အပြင်းအထန်ကြိုးပမ်းမူကိုမင်းတပ်ဒေသခံပြည်သူများမှတူမီးသေနတ်များဖြင့်ပစ်ခတ်ခုခံဟန့်တားနေဆဲဖြစ်သည်။
ယနေ့ စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့်ဒေသခံပြည်သူများအကြားပစ်ခတ်မှု့ကြောင့်ထိခိုက်ဒဏ်ရာရသေဆုံးသူအရေအတွက်မသိရသေးပါ။
သတင်းရင်းမြစ် Chin World,
မင်းတပ် စသုံးလုံး ရုံးနဲ့ ရဲကင်းခွဲအချို့ကို ပြည်သူက စီးနင်းထား / ကလေး ကတက်လာတဲ့ စစ်ကား တစ်စီးကိုချုံ ခိုပစ်ခတ်နိုင်ခဲ့ စစ်သား လေးဦးသေ
ဒုရဲအုပ် တစ်ဦး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ ထံတွင် လက်နက်ချ
ဧပြီလ ၂၆ ရက်နေ့
စစ်ကောင်စီ တပ်များနှင့် ပြန်လှန် ပစ်ခတ်ပြီး စစ်ကား နှစ်စီး ကို မီးရှို့ ကာ စစ်သား ၁၅ ဦးကို သတ်ဖြတ် နိုင်သည်။
ပခုက္ကူ မှတက်လာ သည့် စစ်ကား များကို ချုံခို တိုက် ခိုက် နိုင် ခဲ့သည်။
စစ်ကူ ကား ကို တောင်ပေါ်က ကျောက်တုံး တွေ တွန်းချ ပြီး တိုက်ခိုက် လို့ စစ်သား ငါးဦး သေ

